"ဟယ်လို... so sweet "
"အစ်ကို... ကျွန်တော် အိမ်ရှေ့မှာရောက်နေတယ်"
"ဟင်...ဒီအချိန်ကြီး"
"အစ်ကို့ကို လွမ်းလို့"
"အဟင်း... ခဏလေး... ကိုယ် ထွက်လာခဲ့မယ်"
ငြိမ်း ဖုန်းချပြီး ပြုံးလိုက်မိသည်... ခုတင်ပေါ်မှ ဆင်းပြီး ညဝတ်အင်္ကျီကို သပ်သပ်ရပ်ရပ်ဖြစ်အောင်ပြင်လိုက်သည်... အခန်းပြင်ထွက်မယ် လုပ်ရင်းမှ သတိရကာ မှန်ပြေးကြည့်လိုက်သေးသည်... အိပ်ခါနီး မျက်နှာသစ်သွားတိုက်ထားပြီးထားသဖြင့် မျက်နှာက ကြည်ကြည်လင်လင်ဖြစ်နေသည်... ခေါင်းလျှော်ထားပြီးခါစမို့ ဆီမလိမ်းထားသည့် ဆံပင်တွေက နဖူးပေါ်မှ ခပ်အုပ်အုပ်ဝဲကျနေသည်... ငြိမ်း လက်နှင့် တစ်ချက်နှစ်ချက် သပ်လိုက်ပြီးမှ အောက်သို့ဆင်းခဲ့လိုက်သည်...
ငြိမ်း ခြံတံခါးဖွင့်ပြီး အပြင်ထွက်လိုက်တော့ ငြိမ်းရဲ့ ကောင်လေးက သူစီးနေကျပြိုင်ဘီးလေးပေါ်မှာ ခွထိုင်ပြီး ခြံရှေ့အုတ်ခုံပေါ်ခြေတစ်ဖက်တင်ကာ စောင့်နေသည်... ငြိမ်းကိုမြင်တော့ စက်ဘီးပေါ်မှ ဖြတ်ခနဲဆင်းလာပြီး ဒေါက်ထောက်ခဲ့ကာ ငြိမ်းလက်ကို လာဆွဲသည်... ထို့နောက် မှိန်ပြပြလမ်းမီးရောင်အောက်မှ ငြိမ်းမျက်နှာကို ရွန်းရွှန်းစားစားစိုက်ကြည့်ပြီး...
"အိပ်ခါနီးတောင် ချောနေရောပဲ.... လွမ်းနေရတာ အစ်ကိုရာ"
"မနေ့ကမှ တွေ့သေးတာကို"
"အစ်ကိုကလည်း... ဒီနေ့ တစ်နေကုန် မတွေ့ရသေးဘူးလေ"
so sweet က ငြိမ်းလက်ကို ဆွဲကာ အုတ်ခုံတွင် ဝင်ထိုင်ပြီး ငြိမ်းပါးတစ်ဖက်ကို ရွှတ်ခနဲ နမ်းလိုက်သည်...
"အာ... so sweet ကလည်း... ခြံရှေ့ကြီးမှာကွာ"
"အဲ့ဒါဆို အိမ်ထဲ သွားရအောင်"
"ဟင်"
"နမ်းချင်တယ် အစ်ကိုရဲ့...နော်"
"အာ... အိမ်ထဲမှာ ကြီးမေတို့ရှိတယ်ကွ"
"ဟင်း.... ဒါဆို ဒီနားမှာပဲ နည်းနည်း ထပ်နမ်းဦးးမယ် လေ... နော်... မှောင်နေတာပဲကို ဘယ်သူမှမရှိပါဘူး"
YOU ARE READING
Match Made In Clouds
RomanceMyanmar Boy Love Fiction (OC) ကြည်ညွှန်း Family ကြီးထဲကို ရောက်လာခဲ့တဲ့ ငြိမ်းအေးအိမ် ဆိုတဲ့ အစ်ကို့ကို ထားစရာနေရာမရှိအောင် သဲသဲလှုပ်တဲ့ အဆိုးလေး အာကာကြည်ညွှန်း တို့အကြောင်း