Ep 12 (Z)

12.5K 371 19
                                    

အာကာ ရေချိုးခန်းထဲက ထွက်လာတော့ အစ်ကိုက ခုတင်စွန်းတွင် ခြေချိတ်ပြီး ထိုင်နေကာ ဖုန်းကြည့်နေသည်... ဟကွဲဖြစ်နေသော Bathrobe က ရင်ဘတ်တွေရော ခြေသလုံးတွေကိုရော လုံအောင် မဖုံးနိုင်ပေ.. မှိန်ပြပြ ညမီးရောင်ပြာလဲ့လဲ့အောက်မှာ တစ်စွန်းတစ်စ ပေါ်ထွက်နေသော အတွင်းသားလေးတွေက တကယ်ကိုပင် ရူးသွားအောင် စွဲဆောင်နိုင်စွမ်းရှိပါသည်...

ဘာဖြစ်လို့ အဲ့ဒီလောက်တောင် လှရပါသလဲ အစ်ကိုရယ်...

နေရာမှာ ရပ်ကာ မလှုပ်မယှက်ငေးကြည့်နေမိသောကြောင့် အစ်ကိုက မော့ကြည့်လာပြီး...

"so sweet ပြီးပြီလား Dryer ယူလာခဲ့ ကိုယ် ဆံပင်လေမှုတ်ပေးမယ်"

"ဟင့်အင်း... ကျွန်တော် ရေချိုးခန်းထဲမှာ ကိုယ့်ဟာကိုယ် လုပ်ခဲ့ပြီးသွားပြီ"

ခေါင်းက နေ့တိုင်းလိုလို လျှော်နေသောကြောင့် အစ်ကိုချည်းပဲ လုပ်ပေးနေရတာ ပင်ပန်းမှာစိုးလို့ ပျင်းသည့်ကြားမှ အာကာ ကိုယ့်ဟာကိုယ် ကြိုးစားပြီး လုပ်ခဲ့လိုက်သည်...

အစ်ကို့ဘေးမှာ ဝင်ထိုင်လိုက်တော့ အစ်ကိုက အာကာ့ဆံပင်တွေကြားထဲကို လက်နှင့်ထိုးဖွကာ စမ်းကြည့်လာပြီး...

"အာ... စိုနေသေးတယ် သေချာလဲ မလုပ်ခဲ့ဘူး... သွားယူ...သွား ... ကိုယ် ထပ်လုပ်ပေးမယ်"

အမိန့်တော်ကျလာတော့လည်း အာကာ ထိုင်နေရာမှထကာ ရေချိုးခန်းသို့ ပြေး၍ Dryer သွားယူရပြန်သည်... ထုံးစံအတိုင်း အစ်ကိုက အာကာ့နောက်မှာ ဒူးထောက်ထိုင်ပြီး ဆံပင်တွေကို ဂရုတစိုက်လေမှုတ်ပေးသည်...

"အင့်...ရပြီ"

အာကာ အစ်ကိုလက်ထဲမှ Dryer ကို ဆွဲယူကာ ဘေးသို့ ပို့လိုက်ပြီး အစ်ကို့ကိုယ်လုံးလေးကို ခုတင်နောက်မှီပေါ်သို့ တွန်းလှဲကာ နှုတ်ခမ်းပါးလေးကို ထိကပ်၍ နမ်းလိုက်မိသည်... အစ်ကိုက မျက်လုံးတောက်တောက်လေးတွေနဲ့ မော့ကြည့်လာပြီး ... နှစ်ယောက်သား မျက်လုံးချင်းဆုံမိကြတော့ ရင်ခုန်သံတင်မက အသက်ရှုသံတွေပါ မြန်လာရတော့သည်... အစ်ကို အာကာ့နှုတ်ခမ်းတွေကို စိုက်ကြည့်နေပုံလေးက ထပ်ပြီးနမ်းလှည့်ပါလို့ တောင်းဆိုနေပုံလေးမို့ အာကာ ထပ်ပြီး အစ်ကို့နှုတ်ခမ်းပါးလေးတွေပေါ် တစ်ရှိုက်မက်မက် နယ်ကျွံမိပြန်သည်...

Match Made In Clouds Where stories live. Discover now