Ep 9 (U)

44.4K 3.4K 304
                                    

"အစ်ကို!"

မျက်စိရှေ့မှ အဖြူရောင် တိမ်စိုင်ခဲလေးကို ကြည့်ပြီး အာကာ ကိုယ့်မျက်လုံးကိုယ်ပင် မယုံနိုင်ခဲ့...
ရေချိုးခန်းထဲမှ ထွက်လာစဥ် နံရံဘက်ရှိ တံခါးမှ အသံကြားရသဖြင့် အာကာက ဖွင့်ကြည့်လိုက်ခြင်းဖြစ်သည်...

"အစ်ကိုက ဘယ်လိုလုပ် ဒီကိုရောက်နေတာလဲ"

အစ်ကိုကလည်း မျက်ခုံးလေးပင့်ကာ အာကာ့အား မော့ကြည့်လျှက်မှ...

"မင်းကရော ဘယ်လိုဖြစ်လို့ ဒီကိုရောက်လာတာလဲ"

အာကာက အစ်ကို့နောက်ဖက်သို့ စူးစမ်းသလို တစ်ချက်လှမ်းကြည့်လိုက်ပြီး...

"အစ်ကို ဘယ်သူနဲ့ လာတာလဲ... ဟိုအစ်မနဲ့လား"

"မင်း ဘာတွေလျှောက်မေးနေတာလဲ"

အာကာ့အမေးကြောင့် အစ်ကို့က မျက်မှောင်လေးကျုံ့သွားပြီး အာကာ့ကို အကြည့်စူးစူးလေးဖြင့် တစ်ချက်ကြည့်ရင်း ဖြေသည်...ထို့နောက် သူ့ဘက်ခြမ်းရှိ တံခါးကို ဆွဲပိတ်လိုက်သဖြင့် အာကာက အလျှင်အမြန် ခြေထောက်တစ်ဖက်ထိုးပြီး ခံထားလိုက်ရာ အာကာ့ခြေထောက်အား တံခါးညပ်သွားတော့သည်...

"အား!"

"ဟင်"

အစ်ကိုက တံခါးကို ချက်ချင်းပြန်ဖွင့်လိုက်ပြီး အာကာ့ခြေထောက်ကို ငုံ့ကြည့်လာသည်...

"အာကာကြည်ညွှန်း! မင်းကတော့လေ... အခု နာသွားပြီမဟုတ်လား"

"နာတယ်"

"ဖယ်...ခြေထောက်ပြ.... အင့်! ဘာလုပ်တာလဲ"

တံခါးကိုဆွဲဖွင့်ပြီး ရှေ့သို့တိုးလာကာ အာကာ့ခြေထောက်ကို ငုံ့ကြည့်ရန်လုပ်နေသော အစ်ကို့အား အာကာက လက်မောင်းမှ ဖမ်းဆွဲကာ အခန်းတွင်းသို့ သွင်းလိုက်သည်... ထို့နောက် အာကာ့ဘက်မှ တံခါးကို ပိတ်ကာ လော့ခ်ချပစ်လိုက်ပြီး  အစ်ကို့ကို ခုတင်ပေါ်သို့ ဆွဲ၍ထိုင်ခိုင်းလိုက်သည်... အစ်ကိုတို့ ဟန်းနီးမွန်း ခရီးများထွက်လာကြတာလားဟုတွေးကာ ရင်ပူနေရပြီ...

"အစ်ကို ဒီမှာထိုင်ဦး...ကျွန်တော့်ကိုပြောပြ...အခု ဒီကို ဘယ်လိုရောက်လာတာလဲ...ပြီးတော့ ဘယ်သူတွေနဲ့လာတာလဲ...ဟိုရက်တွေက ကျွန်တော့်ဖုန်းကို ဘာလို့မကိုင်တာလဲ"

Match Made In Clouds Onde as histórias ganham vida. Descobre agora