Ep 19 (Z)

10.2K 370 7
                                    

"ဟို... အိမ်...အိမ်သာ တက်ချင်လို့"

"ဟင်"

ငြိမ်း ကို ဝိုင်းအုံစိတ်ပူနေသူတို့ကြား အနေရခက်စွာ ပြောရင်း so sweet လက်ကို ဆုပ်ကိုင်ထားမိသည်...

"ဟာ... ဒါဆို... လာ... လာ... သွားမယ်... ဟိုနားက ယာခင်းကို သွားမယ်... အဲ့ဒီမှာ အိမ်သာရှိချင်ရှိမှာ"

so sweet က ကားပေါ်မှ မြန်မြန်သွက်သွက် ဆင်းကာ ငြိမ်းကိုခေါ်သည်...

"အေး...အေး... ဟုတ်တယ်...သွားကြ သွားကြ"

"so sweet ရေ ဒီဘက်က ယာခင်းကိုသွား...ဒီဘက်က ပိုနီးတယ်"

ငြိမ်းက နေ့လည်စာကို အညာဟင်းတွေ စားကောင်းကောင်းနှင့် အများကြီးစားလာမိပြီး ငြုပ်သီးတွေ စားတာလဲ များသွားသောကြောင့် ဗိုက်ရစ်နေရခြင်း ဖြစ်မည်...

"အဖေကြီးတို့ ဒီမှာပဲ စောင့်မယ်နော်... သူ့မေ ဆင်းဦး.. အညောင်းညာပြေ လမ်းလျှောက်ရအောင် လာ"

"သားတို့ အောက်ကိုသေချာ ကြည့်သွားနော် မှောင်လာပြီ တဖြည်းဖြည်းနဲ့"

"အစ်ကို... ရသေးလား ဟင်"

"ရတယ်"

so sweet က ငြိမ်းလက်ကို ဆွဲပြီး ယာခင်းဆီသို့ လမ်းကို သွက်သွက် လျှောက်သည်... ယာခင်းထဲရောက်တော့ so sweet က အခင်းရှင်ကို အော်ခေါ်ပြီး အကူညီတောင်းသည်...

"ဦးလေးရေ...ဦးလေး... ကျွန်တော်တို့ အိမ်သာ ခဏသွားချင်လို့...အိမ်သာရှိလား ဗျ"

"ဗျို့...ရှိတယ်... လာ လာ"

"ရှိတယ်တဲ့ အစ်ကို့...လာ"

"ခွေးရှိလား ဦးလေး"

"ခွေး မရှိဘူး ... ကျုပ်ပဲရှိတယ်"

"ဗျာ...ဪ ဟုတ်ကဲ့ တော်သေးတာပေါ့...ဘယ်နားလဲဗျ အိမ်သာက"

"ဟိုး အနောက်မှာ"

ယာခင်း အစွန်ဆုံးက သစ်ပင်အောက်တွင် ခနော်နီ ခနော်နဲ့ ထရံကာ အိမ်သာလေး တစ်လုံးတွေ့ရသည်... so sweet က ငြိမ်းလက်ကို ဆွဲပြီး အိမ်သာဆီသို့ ခပ်သွက်သွက်ကလေး သွားနေသည်... အိမ်သာဆီသို့ရောက်တော့ so sweet က အိမ်သာထဲသို အရင်ဝင်ကြည့်ပေးသည်...

"မဆိုးပါဘူး အစ်ကို့...တက်လို့ ရလောက်ပါတယ်...လာ... လူသိပ်မသုံးတော့ အနံ့အသက်လည်း ကင်းတယ်"

Match Made In Clouds On viuen les histories. Descobreix ara