Ep 5 (U)

45.3K 4.1K 627
                                    

အာကာကြည်ညွှန်း တစ်ယောက် ဒုက္ခ ရောက်နေပြီ...

ခေါင်းအုံးပေါ် ခြေထောက်တင်ကာ ဇောက်ထိုးအိပ်နေရင်း မျက်နှာကျက်ကိုငေးနေမိသည်... ခုတင်ဘေးမှာလဲ သုံးပြီးသား တစ်ရှုးတို့က ပြန့်ကျဲလျှက်ရှိနေသည်...

ဘာဖြစ်လို့ အစ်ကို့အကြောင်း တွေးလိုက်မှ ဒီလိုမျိုး စိတ်ကျေနပ်စေရတာပါလဲ... လူပျိုဖြစ်ပြီးခါစ သူငယ်ချင်းတွေနဲ့အတူ ပိုးဟပ် link တွေ share တတ်ကြကတည်းက  ဒီလို relaxing လုပ်ဖူးပေမဲ့ အခုလိုမျိုး စိတ်ကျေနပ်မှုက အစ်ကိုနဲ့မှ ပထမဦးဆုံးပင်...

တစ်လျှောက်လုံးက မိန်းကလေးတွေကိုသာ စိတ်ကူးယဥ်ခဲ့ပြီး  ရှိုက်ဖိုကြီးငယ် အသွယ်သွယ်မှန်သမျှသဘောကျ နှစ်ခြိုက်လာခဲ့ပြီးမှ ရုတ်တရက်ကြီး... တကယ်ကိုမှ ရုတ်တရက်ကြီးပင်...

ကားထဲမှာ ဖျတ်ခနဲမြင်လိုက်ရသည့် တိမ်လွှာတိမ်ရိပ်တွေလို ဖြူလွှလွှအသွင်လေးက အာကာ့ကို အရင်ဆုံးဖမ်းစားခဲ့ခြင်းဖြစ်သည်....

ထို့နောက် လက်ကောက်ဝတ်ဖြူသွယ်သွယ်လေး၏ လှုပ်ရှားမှုတို့က ထိုပုံရိပ်လေး၏ အသွင်သဏ္ဍန်ကို ထပ်မံစူးစမ်းရန် ဖိတ်ခေါ်သည်...

စိမ်းဖန့်ဖန့်မျက်ခုံးတန်းလေးများ၏ တွန့်ကွေးသွားမှုက စိတ်အစဥ်ကို စတင်နှောင်ဖွဲ့သည်....

ဖန်ဂေါ်လီလေးတွေလို ကြည်တောက်နေသည့် မျက်လုံးဝိုင်းများက တစ်ဆထက်တစ်ဆ တိုး၍ရစ်ပတ်သည်...

သွားတန်းဖွေးဖွေးကလေးတွေနဲ့ အောက်နှုတ်ခမ်းကို ဖိကိုက်ပစ်လိုက်ပုံလေးက ရစ်ပတ်နေသည့်ကြိုးကို ဆတ်ခနဲဆွဲ၍ တင်းပစ်လိုက်သလိုပင်...

လည်တိုင်နားဆီကလား ပုခုံးနားဆီကလား နေရာဒေသမသဲကွဲစွာ ပျံ့လွှင့်လာတတ်သည့် သနပ်ခါးနံ့သင်းသင်းလေးက အပြီးသတ်ချည်နှောင်လိုက်သည့် ကြိုးထုံးဖြစ်မည်ထင်သည်...

အာကာ သက်ပြင်းချလိုက်မိသည်... တကယ်ပဲ လိင်တူစိတ်ဝင်စားသူတစ်ယောက် ဖြစ်နေပြီလား...

အစ်ကိုနဲ့မှလေ...

အခုဆို အချိန်တိုလေး အတောအတွင်းမှာပင် အာကာ့နှလုံးသားမှာ ရစ်ပတ်ချည်နှောင်ထားသည့် တစ်ဖက်ကြိုးစကတင်းနေပြီ... ကျန်နေသေးသည့် အစွန်းတစ်ဖက်မှ ကြိုးစကို ဆွဲ၍ ထိုအိမ်လေးထဲကို ခိုဝင်ဖို့သာကျန်တော့သည် မဟုတ်လား...

Match Made In Clouds Where stories live. Discover now