Extra 3 (Z)

10.2K 357 15
                                    

"တီကြီးရေ .... ဝမ်းဖိုး ညီမလေး အသံနားထောင်ဦးမယ်"

သန္တာက အိမ်ရှေ့ခန်းမှ ဆိုဖာခုံမှာ ထိုင်နေတုန်း ဝမ်းဖိုးလေးက သန္တာဗိုက်ကို လက်ကလေးနှင့်လာပွတ်ကာ နားလေးကပ်ပြီးနားထောင်သည်...

"ညီမလေးက အိပ်ပျော်နေတယ်ထင်တယ် တီကြီးကလေးလေးရဲ့"

"ညီမလေးက ဘယ်တော့လာမှာလဲဟင် တီကြီး"

"Next week ဆိုရင် ၀မ်းဖိုးဆီကို လာခဲ့ပါမယ်တဲ့"

"Yayyyy ပျော်စရာကြီး... နော်... တီကြီး"

သန္တာက ၀မ်းဖိုးရဲ့ ခေါင်းလေးကို ငုံ့နမ်းလိုက်ပြီး ပြုံးနေမိသည်... ကိုယ်မွေးတဲ့ကလေး ၀မ်းဖိုးလောက်ပင် ချစ်ပါ့မလား သံသယ၀င်မိသည်အထိ ဒီတူလေးကို သားကဲ့သို့ချစ်ရပါသည်...

သန္တာက နောက်အပါတ်ဆို သမီးကို ဗိုက်ခွဲပြီးမွေးရတော့မည်... မွေးဖွားရက်နီးလာတော့ ပြီးခဲ့တဲ့လကတည်းက အမေက သန္တာ့ကို မြောက်ဒဂုံအိမ်မှာပြန်ခေါ်ထားပြီး ကိုသူရပါ လိုက်နေနေရသည်... နန္ဒာရော ဇေယျာရော နောက်တစ်ပါတ်ဆို ပြန်လာကြမည်... သမီးလေးကို ၀မ်းဖိုးလေးတုန်းကလို လူစုံတက်စုံကြိုဆိုကြပေလိမ့်ဦးမည်... သန္တာကတော့ မွေးဖွားရက်နီးလာလေ ကြောက်စိတ်နည်းနည်းဝင်လာလေ ဖြစ်နေရသည်... ပထမဦးဆုံးမို့စိတ်လှုပ်ရှားနေမိရတာလည်းပါသည်...

ညနေသုံးနာရီလောက်မှာ အဖေကြီးက ရုံးကပြန်ရောက်လာသည်...

"မီးကြီး ဒီနေ့ နေရတာ ဘယ်လိုနေလဲ... ငါ့သမီး အဆင်ပြေရဲ့လား"

"ပြေပါတယ် အဖေကြီးရဲ့... အဖေကြီး ဘာလို့ အစောကြီးပြန်လာတာလဲ နေမကောင်းဘူးလား"

"ကောင်းပါတယ် သမီးရဲ့ ... သူ့မေရော"

"အမေက အိမ်ပေါ်မှာ...အဖွားအခန်းထဲမှာ"

"အေးအေး... အဖေကြီး သွားကြည့်လိုက်ဦးမယ်... ငါ့သမီး အ၀တ်အစားလဲထား... အဖေကြီးနဲ့ အပြင်သွားကြမယ်"

"ဟာ တကယ်လား အဖေကြီး... အတော်ပဲ သန္တာလည်း အိမ်ထဲမှာပဲ နေရတာ ပျင်းနေပြီ"

အမေ့ကိုပြောပြီး သန္တာတို့သားအဖနှစ်ယောက် အပြင်ထွက်ခဲ့ကြသည်.... အဖေကြီးက သန္တာ့ကို အရင်ကနေခဲ့ကြဖူးသည့် ကျောက်မြောင်းက သီတာလမ်းထဲသို့ ခေါ်လာသည်... မရောက်ဖြစ်တာကြာပြီဖြစ်သော သီတာလမ်းထဲဝင်လိုက်သည်နှင့် သန္တာစိတ်တွေက လှုပ်ရှားနေရပြီ...

Match Made In Clouds Where stories live. Discover now