Ep 13 (Z)

12K 376 21
                                    

"ဦးနှောက်ထဲကလား...ခန္ဓာကိုယ်ကလား... ရင်ဘတ်ထဲကလား... တင်းကျပ်ကျပ်နဲ့ပါ... လူအများသိအောင် ပြောရခက်တဲ့ ဝေဒနာသည်လေးပါ"

အာကာ အိမ်ပေါ်ထပ်မှ ဆင်းလာတော့ မမကေသာက ရုံးသွားခါနီး ပြင်ဆင်ရင်း အိမ်ရှေ့ခန်းတွင် သီချင်းအော်ဆိုနေသည်... သီချင်းဆိုရင် ဘယ်ကီးမှ မဝင်သော မမကေသာကို အာကာက စချင်လာရသည်...

"မျက်လုံးထဲကလား...နှလုံးသားထဲကလား...အတိုချုံ့ရရင် အချစ်ကြောင့်ဖြစ်တယ် ဖြေဆေးရှိရဲ့လား"

"ဟာ! မမကေသာ...စာမေးပွဲ ရှိတယ်လား"

"အမ်...မရှိပါဘူး...ဘာလို့လဲ"

"သြော်...ခုန စာကျက်နေတယ်ထင်လို့"

"မိုက်ရိုင်းလိုက်တာ...သူများ သီချင်းဆိုနေတာကိုနော်... so sweet!!"

"အာ...Sorry, သီချင်းဆိုနေမှန်း မသိလို့ပါ... စာအော်ကျက်နေတယ်ထင်လို့... ကျက် ကျက်... အဲ ...မှားလို့ ဆို ဆို"

"so sweet နော်... အမေ့!! ဒီမှာ so sweet လိုက်စနေပြန်ပြီ!!"

"အဟားဟား"

အာကာက မမကေသာကို မခံချင်အောင် စနောက်ခဲ့ပြီး အိမ်နောက်ဖက်ထဲ ဝင်လာတော့ မမဟေမာနှင့် မကြီးအိဖြူတို့က ဟင်းချက်ဖို့ ပြင်နေကြရင်း စကားပြောနေကြသည်...

"အဲ့ဒါ မကြီးရယ် သိလား ဟေမာကလေ မုန်လာဥနီတွေ များများစားရမယ်ဆိုတော့လဲ စားတာပဲ ဒါပေမဲ့ မပျောက်ဘူး သိလား"

"မှန်း...ပြစမ်း... ဪ... နည်းနည်းပဲ ရှိတာပါ ပူတူးရဲ့ အရမ်းကြီး မများပါဘူး"

အိမ်မှာ အကြီးတွေက တစ်ခါတလေ မမဟေမာကို ပူတူး လို့လဲခေါ်တတ်ကြသေးသည်... မကြီးသန္တာနှင့် မမနန္ဒာကလည်း ပူတူးလို့ခေါ်သည်... မမဟေမာက အကြီးတွေ ခေါ်ရင်သာ ဘာမှမပြောသော်လည်း အာကာခေါ်ရင်တော့ စိတ်ဆိုးတတ်သည်...

"ဘာလဲ...ဘာဖြစ်တာလဲ မပူတူး"

"ဘာ မပူတူးလဲ...အဲ့ဒီနာမည်ကြီး မခေါ်ပါနဲ့ဆို!!"

"ဪ...နာမည်က မပူတူး မလို့ မပူတူးခေါ်တာကို မပူတူးကလဲ... မပူတူး မကြိုက်ရင် မခေါ်တော့ပါဘူး ... အခုက ဘာဖြစ်တာလဲ လို့"

Match Made In Clouds Where stories live. Discover now