Ep 30 (U)

41.1K 3.5K 636
                                    

"အစ်ကို"

"ဟင်"

ခုတင်ပေါ်မှာ ထိုင်ပြီး laptop နှင့် အလုပ်လုပ်နေသော အစ်ကို့နားမှာ အာကာ ဝင်ခွေနေမိသည်...

"အဲ့ဒီကောင်လေးက ကျွန်တော်နဲ့ တော်တော်တူလားဟင်"

အာကာ့အမေးကြောင့် အစ်ကိုကလှည့်ကြည့်လာသည်... အာကာ့မျက်နှာအမူရာကိုမြင်တော့ ချက်ချင်း laptop ကိုဘေးသို့ချလိုက်ကာ အာကာ့ခေါင်းကို ဆွဲယူပြီး သူ့ပေါင်ပေါ်သို့ အုံးစေသည်... ထို့နောက် အာကာ့ခေါင်းမှ ဆံပင်တွေထဲကို ထုံးစံအတိုင်း လက်ချောင်းလေးတွေ ထိုးထည့်ပြီး ဖွဖွနှိပ်ပေးသည်...

"တူတယ်ဆိုတာထက် ကြည့်လိုက်ရင်...ဪ ဒီနှစ်ယောက်က ညီအစ်ကိုတွေပဲ ဖြစ်ရမယ်ဆိုပြီး တထစ်ချသိနေတာမျိုးပါကွ... ဒါပေမဲ့ ရယ်လိုက်ရင် မတူဘူး... အဲ့ဒီနေ့က သူ အဖေကြီးကိုရယ်ပြလိုက်တာ တွေ့တယ်... So sweet လိုချောပေမဲ့ ရယ်လိုက်ရင် So sweet လို မျက်လုံးလေးတွေပါ မပြုံးသွားဘူး... ရယ်လိုက်ရင် မျက်နှာလေး အရမ်း sweet ဖြစ်သွားတာ ဒီကမ္ဘာပေါ်မှာ So sweet တစ်ယောက်ပဲ ရှိတယ်"

"အဟင်း"

အစ်ကို့အပြောကို အာကာသဘောကျစွာ ရယ်လိုက်မိသည်... ရုတ်တရက် ညီတစ်ယောက်ရှိနေတယ်လို့ သိလိုက်ရတော့ ရင်ထဲမှာ ခံစားချက်က တစ်မျိုးဖြစ်နေသည်... မကျေနပ်တာမျိုး မဟုတ်ဘဲ ဒီတိုင်းလေး ထူးဆန်းနေရုံမျှသာ ဖြစ်သည်...
Legally အရ ဘာမှမသက်ဆိုင်ကြဘူးဆိုပေမဲ့ Biologically အရ အမျိုးတော်နေသည်မဟုတ်လား...

"ဘာလို့လဲ... So sweet က သဘောမကျဘူးလား"

"အဲ့လိုလဲ မဟုတ်ပါဘူး... နည်းနည်းထူးဆန်းနေလို့... သူလည်း ထူးဆန်းနေမှာပဲနော်... တစ်သက်လုံး စောင့်ရှောက်ပေးပြီး တူတူနေလာခဲ့တဲ့ သူက အဖေမဟုတ်ဘူးလို့ သိလိုက်ရတော့ တော်တော်လေး ခံရခက်မှာ"

"အဲ့ဒါကြောင့်လဲ အခုလိုတွေ ဖြစ်ကုန်တာပေါ့ကွာ"

"ကျွန်တော် ကိုယ်ချင်းစာတယ် သိလား အစ်ကို့... ဒီအရွယ်ရောက်မှ အဖေကြီးကသာ ကျွန်တော့်အဖေမဟုတ်ဘူးဆိုရင် ရင်ကွဲရမှာ"

"ကိုယ်သိတာပေါ့ မွေးစားသား လို့ အထင်ခံရတာလေးကိုတောင် ပေါက်ကွဲနေတာကွာ... တကယ်ပါပဲ... မင်းက ဘာကောင်လေးလဲ... အဟားဟား"

Match Made In Clouds Where stories live. Discover now