Ep 20 (Z)

14.8K 365 15
                                    

ငြိမ်းတို့ ပုဂံကနေ ရန်ကုန်ပြန်ရောက်ကြပြီ...

အဖေကြီးနဲ့ အမေက ငြိမ်းကို အိမ်မပြန်ခိုင်းတော့ပဲ သူတို့အိမ်မှာပဲနေရတော့မည်ဟုပြောလာသည်... ဒီရောက်မှ ငြိမ်း အံ့ဩသွားရသေးတာတစ်ခုက ငြိမ်းရဲ့ အဝတ်စား အသုံးဆောင်တွေ အကုန်လုံး so sweet အခန်းထဲမှာ ပြောင်းရွှေ့ထားပြီးခြင်းပင်...

"အမေတို့ပဲ သားငြိမ်းရဲ့ ကြီးမေကို ဖုန်းဆက် အကျိုးကြောင်းပြောပြီး အိဖြူတို့နဲ့ စီစဉ်ခိုင်းလိုက်တာလေ... သားငြိမ်းက ရှေ့လျှောက် ဒီအိမ်မှာပဲ အမေတို့နဲ့တူတူနေရတော့မှာ ဆိုတော့...နောက်နေ့မှ ကြီးမေဆီ သွားတွေ့လိုက်နော်"

အမေ့စကားကြောင့် ငြိမ်းရင်ထဲမှာ ညံ့သက်နွေးထွေးရသည်... တစ်ယောက်အကြောင်း တစ်ယောက်သိချင်ရင် တူတူခရီးသွားကြည့်ဆိုသည့် စကားရှိတယ်မဟုတ်လား... ဒီပုဂံခရီးစဉ်မှာ ငြိမ်းက ကြည်ညွှန်း Family ကြီး အကြောင်းကို သေသေချာချာလေးကို သိခဲ့ရပါသည်...

အဖေကြီးနဲ့ အမေက ငြိမ်းကို so sweet နဲ့ ပတ်သက်လို့ တော်ရတဲ့ သားမက်လို သဘောမထားဘဲ သူတို့မွေးထားသည့် သားသမီး ငါးယောက်လုံးနဲ့တူတူ တစ်သားထဲ သဘောထားပြီး ချစ်ခင်ပေးကြသည်... လေးမောင်ကလည်း ငြိမ်းကို သူ့တူတွေ တူမတွေလိုပဲ စလိုက်နောက်လိုက်နှင့် ငြိမ်းမှာ ခဏလေးအတွင်း အားလုံးနဲ့ ရင်းနီးကျွမ်းဝင်ခဲ့ရသည်...

မောင်နှမတွေ ကလည်း ငြိမ်းကို ဧည့်သည်လို အရေးပေးဆက်ဆံတာမျိုးမဟုတ်ဘဲ so sweet နဲ့တန်းတူ သဘောထားပေးကြသည်... အထူးသဖြင့် ကေသာ နဲ့ ဟေမာ့ကြောင့် ငြိမ်းက ပိုပြီး စိတ်လက်ပေါ့ပါးခဲ့ရသည်... တမင်ဦးစားပေးပြီး ဧည့်သည်လို မဝံ့မရဲ ဆက်ဆံတာမျိုးမဟုတ်ဘဲ ငယ်ငယ်ကတည်းက သူတို့နဲ့ တူတူကြီးပြင်းလာရသလိုမျိုး ခံစားရစေသည်...

ဂိမ်းကစားကြသည့် အခါမျိုးမှာ ကေသာက so sweet ကိုညစ်သလို ငြိမ်းကိုလည်းညစ်သည်... ဂိမ်းရှုံးလို့ အပြစ်ပေးတဲ့အနေနဲ့ နဖူးတောက်ကြသည့် အခါမှာလဲ so sweet ကို လုပ်သလို ငြိမ်းကိုလည်း မညှာမတာလုပ်သဖြင့် so sweet နဲ့ ရန်တွေဖြစ်ကြသေးသည်... ငြိမ်းဖျန်ဖြေတာ မရလို့ အမေ့ကို အော်တိုင်လိုက်မှ ငြိမ်သွားတာမျိုးတွေလည်းရှိခဲ့သည်... နန္ဒာကတော့ ကျန်တဲ့သူတွေလို စတတ်နောက်တတ်တာမျိုးမရှိပေမဲ့ ခရီးစဉ်တစ်ခုလုံးကို ဦးဆောင်သည့်နေရာမှာ အဖေကြီးကအစ အားကိုးသည်...

Match Made In Clouds Where stories live. Discover now