Ep 28 (Z)

9.5K 340 10
                                    

"So sweet ဂိမ်းဆော့တာ တော်ပြီ အိပ်ရတော့မယ်"

"ဟုတ်"

So sweet က ချက်ချင်း ဂိမ်းထဲမှ ထွက်ကာ ဖုန်းကို wifi ပိတ်ပြီး စားပွဲပေါ်တင်လိုက်သည်... ခါတိုင်းဆို ခဏလေးပါ နိုင်တော့မှာမလို့တို့... ဒီတစ်ပွဲလေးပဲ ဆော့မှာပါတို့ အမျိုးမျိုးပြောပြီး ခဏဖြစ်ဖြစ်တော့ဆက်ဆော့သေးသည်...

မြသက်ချယ်နဲ့ Club က ကိစ္စဖြစ်ပြီးနောက်ပိုင်းမှာ So sweet က အရင်ကထက်ပိုပြီး လိမ္မာလာသည်... ငြိမ်း ဘာပြောပြော "ဟုတ်" ဆိုပြီး တစ်ခွန်းနဲ့ ချက်ချင်း နားထောင်သည်... သူဖြစ်ခဲ့သည့်အမှားအတွက် သူ့မှာ ငြိမ်းအပေါ် တော်တော်လေး guilty ဖြစ်နေပုံရသည်... ငြိမ်းကို အရင်ကထက်လည်း ပိုကပ်လာသည်... ပိုပြီးလည်း ဂရုစိုက်ပေးပြီး ကပ်ချွဲတတ်လာသည်... တစ်ခါတလေ ငြိမ်းကို သဝန်တိုချင်တာမျိုးလေးတွေ ရှိရင်တောင်မှ ထိန်းချုပ်ထားတတ်မှန်း ရိပ်မိရသည်...

အမေနဲ့ အစ်မတွေကလည်း  So sweet ကို ကြုံရင် ကြုံသလို ဒီကိစ္စနှင့်ပတ်သက်ပြီး ဆူလိုက် ဆုံးမလိုက်လုပ်နေကြသဖြင့် ငြိမ်းက ကာဗာလုပ်ပေးနေရတော့သည်... So sweet က ငြိမ်းစကားကို ဘယ်လောက်ထိအောင် နားထောင်သွားသလဲ ဆိုရင် ငြိမ်းတို့ ချစ်ကြသည့်အခါတိုင်းမှာတောင် ငြိမ်းက တော်ပြီဟု ပြောလိုက်သည်နှင့် အရင်လို တဇွတ်ထိုးတွေမလုပ်တော့ဘဲ ချက်ချင်း နားထောင်သည်အထိပင်...

ငြိမ်းမှာ So sweet ကိုနမ်းလိုက်သည့် မြသက်ချယ်ကိုပင် ကျေးဇူးတင်ရတော့မလို ဖြစ်ရသည်...

So sweet က ဖုန်းကို စားပွဲပေါ်တင်ခဲ့ပြီး ဘုရားခန်းထဲသို့ ဘုရားသွားရှိခိုးကာ ပြန်လာ၍ ခုတင်ပေါ်မှာ ခွေခွေလေးတက်အိပ်နေသည်... ဒီလိုလေးကျပြန်တော့လဲ ငြိမ်းရဲ့ သကြားလုံးလေးက ချစ်စရာသနားစရာကောင်းနေရပြန်သည်...

ဒီကောင်လေးကို ပြီးခဲ့တာတွေမေ့ပစ်ပြီး ငြိမ်းအပေါ်မှာ ပွင့်ပွင့်လင်းလင်း စိတ်ဆိုး စိတ်ကောက် အူတိုတာမျိုးလေးတွေ ပြန်လိုချင်မိသည်...
စိတ်ထဲမှာ ပေါ့ပေါ့ပါးပါးနဲ့ အရင်လို အကဲစိန်လေးအဖြစ် လွတ်လပ်စွာ ပြန်မြင်ချင်ရသည်မှာလည်း ငြိမ်းရဲ့ တကယ့်စိတ်ရင်းဖြစ်ပါသည်...

Match Made In Clouds Where stories live. Discover now