Ep 21 (Z)

11.2K 393 8
                                    

"so sweet ရေ အဖေကြီးခေါ်နေတယ်"

"ဗျာ ဟုတ်"

မမကေသာက အာကာ့ရုံးခန်း တံခါးကို လာခေါက်ပြီး ပြောသွားသဖြင့် အာကာ အဖေကြီးရဲ့ အခန်းဆီသို့ ထွက်လာခဲ့သည်... အခုဆို အာကာက Full Time အလုပ်ဝင်နေပြီဖြစ်၍ လေးမောင်နဲ့ ကပ်လျက်အခန်းမှာ နေရာလုပ်ပေးထားကြသည်...

"ဒေါက် ဒေါက် ဒေါက်"

"Boss ခေါ်တယ်ဆို"

အာကာက အဖေကြီးကို တစ်ခါတလေ စနောက်ပြီး Boss ဟု ခေါ်တတ်သည်...

"သားလေး လာဦး ဒီညနေ ရုံးစောစောဆင်းလိုက်... ငြိမ်းကို ခေါ်ပြီး အဖေကြီးအသိ ဆရာဝန်နဲ့သွားတွေ့လိုက်"

အဖေကြီးက အံဆွဲထဲမှ လိပ်စာကတ် တစ်ခုကို ထုတ်ယူပြီး အာကာ့ထံသို့ ကမ်းပေးလာသည်... အစ်ကိုနဲ့ လက်မထပ်ခင် နှစ်ယောက်လုံး လိုအပ်မဲ့ ဆေးစစ်မှုတွေ လုပ်ရမည်ဟု အဖေကြီးနဲ့ လေးမောင်က မှာထားသည်...

"ဆေးစစ်ဖို့လား အဖေကြီး"

"အေး...ဆေးစစ်တာရယ်...ပြီးတော့ တစ်ခြား ဆောင်းရန် ရှောင်ရန် ဗဟုသုတတွေ သူပြောပြလိမ့်မယ်... သူက US မှာဘွဲ့ယူရင်း Homosexual နဲ့ ပတ်သက်တဲ့ စာတမ်းပြုစုလာတာ"

"ဟုတ်"

"အေးအေး... ငြိမ်းကို သေချာ ရှင်းပြပြီးမှ ခေါ်သွား...ဒေါက်တာ့ကို အဖေကြီးပြောထားပြီးသား"

"Yes Boss...Love u ... မွ မွ"

"အာ...ဒီကောင်ကတော့"

အာကာ အဖေကြီးကို စနောက်ပြီး အခန်းထဲမှ ထွက်လာရင်း ရင်ထဲမှာ နွေးထွေးစွာခံစားနေရသည်... အဖေကြီးက အာကာ့ကို သားသမီးတွေထဲမှာ တစ်ဦးတည်းသော သားယောက်ကျားလေး ရှားရှားပါးပါး မွေးထား၍ ဟိုလိုဖြစ်ရမယ် ဒီလိုဖြစ်ရမယ် ဆိုပြီး ထိန်းချုပ်ထားတာမျိုး မရှိခဲ့ပေ... အာကာ့ရဲ့ ဖြစ်တည်မှုကို နားလည်လက်ခံပေးပြီး အမေ့ကိုပါ နားလည်အောင် နားချပေးခဲ့သည်... ဒီလိုလက်ခံပေးဖို့က အဖေကြီးအတွက် လွယ်ကူနေခဲ့တာ မဟုတ်မှန်း အာကာ သိပါသည်... အဖေကြီးလည်း အနည်းနဲ့ အများတော့ စိတ်ထိခိုက်ခဲ့ရပေလိမ့်မည်...

ဘာပဲဖြစ်ဖြစ် လက်ခံပေးပြီးတဲ့နောက်မှာတော့ ရှေ့ဆက်လျှောက်ရမည့်လမ်းကို အမှန်ဆုံးနဲ့ အဖြောင့်ဖြူးဆုံးဖြစ်အောင် အဖေကြီးတို့က အားထုတ်ပေးကြရှာသည်... အခုလို ဆရာဝန်နဲ့ သွားတွေ့ရမည့် ကိစ္စတွေအထိ မအားတဲ့ကြားက အလေးပေးပြီး လုပ်ပေးကြသည်... မင်းတို့ဖြစ်တည်မှုကိုနားလည်တယ်ကွာ ဆိုပြီး ပြီးပြီးရော နားလည်ပေးတာမျိုးမဟုတ်ဘဲ ပုံမှန်သဘာဝမဟုတ်တဲ့ အိမ်ထောင်ရေးတစ်ခုဖြစ်လို့ လိင်မှုကိစ္စ ဆောင်ရန် ရှောင်ရန်တွေအထိပါ စဉ်းစားပြီး ပံ့ပိုးကူညီပေးကြသည် အထိ Open Minded ဖြစ်ကြသည့် အတွက် အာကာ တကယ်ကို လေးစားကျေးဇူးတင်မိရပါ၏...

Match Made In Clouds Where stories live. Discover now