Ep 36 (Z) Final

11.3K 345 12
                                    

ငြိမ်း အိမ်ပေါ်ထပ်က ဆင်းလာတော့ လှေခါးတစ်ဝက်မှာပဲရှိသေးသည် အောက်ထပ်ဧည့်ခန်းမှ သားရဲ့ အသံစာစာလေးကို ကြားနေရသည်... ငြိမ်းက လှေခါးလက်ရမ်းမှာ ကွယ်ပြီးချောင်းကြည့်လိုက်တော့ သားက အဖေကြီးနှင့် စကားပြောနေတာ ဖြစ်သည်... အဖေကြီးက Dream bed ပေါ်မှာအိပ်နေပြီး သားက သူ့အဖိုးဗိုက်ပေါ်မှာကျကျနန ခွထိုင်ထားကာ သူ့မျက်မှန်ဝိုင်းလေးကို ပင့်ကာ ပင့်ကာဖြင့် မျက်နှာချင်းဆိုင် စကားပြောနေကြသည်...

"ခုနက မိုးရွာထားတာ အပြင်မှာအေးနေတယ် သားသားရဲ့"

"အေးရင် ဝမ်းဖိုး Jacket ဝတ်လို့ရတယ်လို့ ဖေဖေကြီးရဲ့"

"အဟား ငါ့မြေးကတော့ကွာ"

"ဖေဖေကြီးပဲ စဉ်းစားကြည့်လေ... ဖေဖေကြီးက ချောကလက်စားချင်လို့ ဝမ်းဖိုးက မကျွေးဘူးဆိုရင် ဖေဖေကြီးက ဝမ်းနည်းမှာပေါ့"

"အင်းပေါ့ကွ... ဖေဖေကြီးက ဝမ်းနည်းမှာပေါ့"

"အင်းလေ ဖေဖေကြီးရဲ့... အခု ပေါက်ပေါက်က လမ်းထိပ်ကိုသွားချင်တာလေ ဝမ်းဖိုးက လိုက်မပို့ဘူးဆိုရင် ပေါက်ပေါက်က ဝမ်းနည်းမှာပေါ့... ပြီးတော့ ပေါက်ပေါက်က ဝမ်းဖိုးကို မချစ်တော့ရင် ဘယ်လိုလုပ်မလဲလို့ ဖေဖေကြီးရဲ့"

"အေးကွာ...သွားမယ်ကွာ... လာ... သူ့မေရေ Wonderful လေးအတွက် အနွေးထည်လေး ယူပေးပါဟေ့"

"ယေ့ယေ့... ပေါက်ပေါက်ရေ... ဝမ်းဖိုးတို့ လမ်းထိပ်ကို သွားကြမယ်ဟေ့"

ငြိမ်း သဘောကျစွာ ရယ်လိုက်မိသည်... တစ်သက်လုံးက သူ့သားသမီးတွေကို အကျိုးကြောင်းပြ ဆွဲခေါ်ပြီး နားဝင်အောင် ဆုံးမလာခဲ့သည့် အဖေကြီးက အခုတော့ သူ့မြေးကသူ့ကိုပြန်ပြီး ဥပမာတွေနှင့် အကျိုးအကြောင်းပြဆွဲခေါ်မှုအောက်မှာ တုတ်တုတ်မှမလှုပ်နိုင်တော့ပေ...

"သူ့ဖေ အကြာကြီးမသွားနဲ့ဦး ကလေး အအေးမိမှာစိုးလို့"

အမေက သားအတွက် အနွေးထည်လေးတစ်ထည်ယူလာပြီး ဝတ်ပေးသည်...

"ဝမ်းဖိုး ပါပါးကို သွားပြောလိုက်ဦးမယ်နော် မေမေကြီး... ပါပါးရေ!"

"ဗျာ... ပါပါးက ဒီမှာ... အရမ်း မပြေးပါနဲ့ သားရယ်...ချော်လဲပါဦးမယ်ကွ"

Match Made In Clouds Where stories live. Discover now