Ep 2 (U)

53.2K 4.2K 745
                                    

အာတာပူစီအကြီးကြီး နှစ်ခုကို ကိုင်ပြီး လမ်းလယ်မှာ ကို့ယို့ကားယားဖြစ်နေသော ကောင်လေးကို ကျော်လွန်လာပြီးမှ ငြိမ်း မျက်ခုံးတန်းတွေက ပြေလျော့သွားတော့သည်... ငြိမ်း ရဲ့ကားဟွန်းသံကြောင့် ထိုကောင်လေးလန့်သွားမှာ သိပေမဲ့ ငြိမ်းက အလျင်လိုနေသောကြောင့် ထိုကို့ယို့ကားယားကောင်လေးက စိတ်အနှောက်ယှက်ဖြစ်စေသည်...

ကားကို အိမ်ရှေ့ဆင်ဝင်အောက်တွင်ထိုးရပ်လိုက်ပြီး ကားပေါ်မှသွက်သွက်ဆင်းကာ အိမ်ထဲသို့ မပြေးရုံတမည် ခြေလှမ်းကျဲတွေနှင့် ဝင်လာခဲ့ပြီး အပေါ်ထပ်သို့တက်ကာ အိပ်ခန်းတစ်ခုထဲသို့ ဝင်လိုက်သည်...

"မေမေ"

ခုတင်ပေါ်မှာလှဲနေသော မေမေက ငြိမ်းကိုမြင်တော့ ခပ်ယဲ့ယဲ့ပြုံးပြကာ ဘာမှမဖြစ်ကြောင်းကို ပြောလာသည်...

"ဘာလို့ ပြန်လာရသလဲ ငြိမ်းရယ် မေမေဘာမှမဖြစ်ပါဘူး စုစုက ငြိမ်းကိုစိတ်ပူအောင် ဖုန်းလှမ်းဆက်လိုက်တယ်ကွယ်...မေမေတောင် တားချိန်မရလိုက်ဘူး...ဒီမှာ ချယ်ရီလဲ ရောက်လာပေးတာပဲကို"

"ဆက်ရမှာပေါ့ မေမေရယ်... ဘယ်လိုဖြစ်ပြီး ချော်လဲရတာလဲ...ရေချိုးခန်းကြွေပြားတွေကို အခင်းတစ်ခုခုထပ်ခင်းဖို့ ကျွန်တော်စီစဥ်လိုက်တော့မယ် မေမေ"

"ငြိမ်းက ခင်းချင်တယ်ဆိုလဲ ခင်းတာပေါ့ကွယ်"

ငြိမ်း မေမေ့ခြေထောက်တွေကို ကိုင်ကြည့်ပြီး ဘေးမှ ချယ်ရီ့ဘက်သို့လှည့်ကြည့်လိုက်သည်... ချယ်ရီကပြုံး၍ ခေါင်းရမ်းပြကာ...

"ငါ အကုန်စစ်ပြီးပါပြီ ငြိမ်း ရဲ့... ဘယ်နားမှ မကျိုးဘူး ဘာမှလဲမဖြစ်ဘူး လဲတဲ့အရှိန်ကလဲ သိပ်မပြင်းပါဘူးတဲ့... အန်တီက နှလုံးရောဂါ အခံကြောင့် နည်းနည်းလန့်သွားရုံပါ...ငါ ဆေးတိုက်ထားတယ်"

ချယ်ရီက ငြိမ်းရဲ့ ငယ်သူငယ်ချင်းလဲ ဖြစ်သလို ငြိမ်းတို့ရဲ့ မိသားစုဆရာဝန်လဲဖြစ်သည်... အခုလဲ မေမေရေချိုးခန်းထဲမှာ ချော်လဲလို့ ရောက်လာပြီး ကြည့်ပေးနေခြင်းပင်...

"ကဲ ဆရာကြီး...သင်္ကြန်အကြိုနေ့ကြီးတောင် ကုမ္ပဏီ သွားနေတာတော့ မဟုတ်သေးဘူးထင်တယ်... ငါ့ကို တစ်ရက်လောက်တော့ သင်္ကြန်လည်ဖို့ လိုက်ပို့ပါဦးဟာ...နော်"

Match Made In Clouds Where stories live. Discover now