Book Announcement 📚☁️

5.8K 419 45
                                    

စောင့်မျှော်နေကြတဲ့ သူလေးတွေအတွက် Match Made In Clouds physical book လေး လာပါပြီ
DiDi ပြောနေကျစကားလေးပဲ ထပ်ပြီးပြောပါဦးမယ်နော် တစ်ခုခုဝယ်တော့မယ်ဆို Need နဲ့ Want ကိုခွဲခြားတတ်တဲ့ အကျင့်လေးအရင်ဆုံးလုပ်ကြည့်ရအောင်...
Just want ဆိုရင် ကိုယ့်မှာရှိတဲ့ အသုံးစားရိတ်လေးတွေကို အရင်တွက်ချက်ပြီး ချင့်ချိန်ပါ ကိုယ့်အတွက် တကယ်မလိုအပ်တဲ့အရာဆိုတာသေချာရင် Just want ဆိုရုံနဲ့ မဝယ်ပါနဲ့... နောက်ပြီးတော့ ယှဥ်ရွေးစရာတစ်ခုခုရှိလာရင် ကိုယ့်အတွက် ပထမဦးစားပေးမဟုတ်တဲ့ပစ္စည်းတွေကိုလည်း မဝယ်ပါနဲ့... ဝယ်မိပြီးမှ နောင်တရတာမျိုး DiDi ကိုယ်တိုင်လည်း ခဏခဏကြုံရဖူးလို့ပါ...
ဆိုတော့... အခု So sweet တို့ကြည်ညွှန်း Family ကို တကယ်လိုချင်လို့ စောင့်နေကြတဲ့သူလေးတွေအတွက် DiDi တတ်နိုင်သလောက်လေး ကြိုးစားပြီး အမှတ်တရလေးသိမ်းထားလို့ရအောင် ပုံဖော်ပေးပါမယ်နော်... ပုံမှာပြထားတဲ့ Maple Book House ကနေ ထွက်ရှိလာမှာမို့ Page လေးမှာ Detail လေးတွေစောင့်ကြည့်ပြီး မှာယူနိုင်ပါပြီ

နောက်တစ်ခု DiDi မေတ္တာရပ်ခံချင်တာက လူအမျိုးမျိုး အကြိုက်အမျိုးမျိုးရှိတတ်ပြီး တစ်ဦးတစ်ယောက်ချင်းစီရဲ့စိတ်ကို သေချာမသိနိုင်တဲ့အတွက်ကြောင့် အခု DiDi ရဲ့ ကြိုးစားပုံဖော်ပေးမှုမှာ စိတ်မကျေနပ်စရာတစ်စုံတရာရှိခဲ့ရင် DiDi ရဲ့ လိုအပ်ချက်ဖြစ်တာမို့ အားလုံးကနားလည်ပေးကြဖို့ တောင်းဆိုပါရစေနော်...
So sweet တို့စာအုပ်နဲ့ပတ်သက်ပြီး စျေးနှုန်း/စာအုပ်ပုံစံ/ Cover/ Gift/ Arts/ ထုတ်ဝေပေးမယ့်စာအုပ်တိုက် စသဖြင့်အကုန်လုံးအစစအရာရာ စိတ်ကျေနပ်တယ်ဆိုမှပဲ ဝယ်ဖို့ဆုံးဖြတ်စေချင်ပါတယ်...
အဆင်မပြေခဲ့တာလေး တစ်စုံတရာပါခဲ့ရင် DiDi က အားနာပါတယ်ရှင် ... အကြောင်းကြောင်းကြောင့် ဝယ်ဖို့အဆင်မပြေတဲ့သူလေးတွေက wattpad မှာ ဖတ်ပါနော်...
အစစအရာရာ စိတ်ပင်ပန်းနေကြရတဲ့ကာလမို့ DiDi တို့ အဆင်မပြေမှုလေးတွေရှိခဲ့ရင် အပြန်အလှန်လွှတ်ချပေးကြပြီး အပိုစိတ်ဖိစီးမှုတွေကို တတ်နိုင်သလောက်လျှော့ချကြမယ်နော်

ကြည်ညွှန်း Family ကြီးနဲ့ပတ်သက်ပြီး ဘယ်လိုပဲဖြစ်ဖြစ် ချစ်ခင်ပေးနိုင်တဲ့သူလေးတွေကိုလည်း DiDi က So sweet တို့တစ်မိသားစုလုံးနဲ့အတူတူ စိတ်ရင်းနဲ့ ကျေးဇူးအများကြီးတင်ကြောင်းပြောချင်ပါတယ်

Match Made In Clouds Where stories live. Discover now