Ep 26 (U)

41K 3.3K 353
                                    

လေးမောင်က Cambodia ကို အလုပ်ကိစ္စနှင့်သွားရမည်... ကေသာက လိုက်သွားချင်လို့ တဂျီဂျီနှင့် လိုက်လုပ်နေသည်...

"လေးမောင်ကလည်း"

"ဟာ...ဒီကောင်မလေးဟာ...ခက်နေမှပဲ... ငါတို့က သုံးရက်ပဲ ဟိုဘက်က သူဌေးနဲ့ တိုက်ရိုက်စကားပြောပြီး ပြန်ရမှာ... ဘယ် အန်ကောဝပ်မှ သွားချိန်မရှိဘူးဟ"

"အေးနော် အဲ့လိုပြောပြီး သွားခဲ့ရင် လေးမောင်ကို ဘာလုပ်ရမလဲပြော"

"အန်ကောဝပ် မပြောနဲ့ ငါ့ Siem Reap မြို့ထဲ ပတ်နိုင်ရင်တောင် ကံကောင်း... အဲ့မှာ သုံးရက်ပြီးတာနဲ့ ချက်ချင်းပြန်လာရမှာ... သူတို့ဘက်က လူတွေလဲ ငါတို့ရုံးကို လိုက်လာမှာ"

"ပြီးတာပဲ... မခေါ်လဲနေပေါ့... နောက်မှ ကေသာ ခွင့်ရက်ရှည်ယူပြီး Solo trip သွားပစ်မှာ"

"သွားပေါ့... ညည်းဟာညည်း ကပ်စီးနှဲပြီး ငါနဲ့ကပ်လိုက်ချင်နေတာ"

"ကိုယ့်တူမလေးကို"

"ဒါမျိုးကျ တူမ... ခိုင်းချင်ရင် ဘယ်မှ ရှာမရဘူး"

"အဲ့ဒါကြောင့် လူပျိုကြီးဖြစ်နေတာ"

"ဘာမှမဆိုင်ဘူး"

ကေသာနဲ့ လေးမောင် တကျက်ကျက်ဖြစ်နေခိုက် အမေက ဧည့်ခန်းသို့ထွက်လာသည်...

"မောင်မောင်...ထမင်းစားခန်းက အထုတ်ကြီးကဘာလုပ်တာလဲ... နင့်ဟာဆို... အိဖြူကပြောတယ်"

"ဟုတ်တယ်... ရုံးကမန်နေဂျာ က Cambodia က သူ့တူလေးအတွက် လူကြုံပေးလိုက်တာ"

"အထဲမှာ ကျွတ်ကျွတ်အိတ်အမဲနဲ့လေ တိတ်တွေနဲ့ပတ်ထားတာ ပြားပြားရှည်ရှည်နဲ့လေ အနံ့နည်းနည်းရှိလို့... ငါးခြောက်တွေလားမသိဘူး ငါ ရေခဲသေတ္တာထဲ ထည့်ထားပေးတယ် သိလား... နင် ပစ္စည်းတွေထည့်ရင် မေ့မသွားနဲ့ဦး"

"ဟေမာ့ကို ပြောထား... ကျွန်တော့် Luggage ကသူပြင်ပေးမှာ"

အမေက သတိပေးထားပေမဲ့လည်း လေးမောင်တကယ်သွားသည့်နေ့မှာ ရေခဲသေတ္တာထဲမှ ထိုအထုပ်ကြီးက ကျန်ခဲ့တော့သည်...

အာကာနဲ့ အစ်ကို က လေးမောင်ကို မနက်အစောကြီးလေယဥ် မှီအောင် စောစောလိုက်ပို့ပြီး အိမ်ပြန်လာတော့ အမေက ဆီး၍ပြောသည်...

Match Made In Clouds Where stories live. Discover now