Ep 7 (Z)

11.9K 427 16
                                    

"အစ်ကို"

"မင်း! ဘာလုပ်တာလဲ"

ကားကို ရှေ့မှာ ပိတ်ရပ်ထားခဲ့ပြီး ငြိမ်းကားထဲကို ဇွတ်ဝင်ထိုင်လာသည့် ကောင်လေးကို ငြိမ်းက မျက်မှောင်ကျုံ့၍ ကြည့်ပြီး မေးလိုက်သည်...

"ခုနက ကျွန်တော့်ကို တွေ့ရဲ့သားနဲ့ ဘာလို့မခေါ်ဘဲ ထွက်သွားတာလဲ"

"မင်း ကိုယ်ရေးကိုယ်တာ အချိန်တွေကို မနှောက်ယှက်ချင်လို့"

ငြိမ်း ထိုသို့ပြောလိုက်မိပြီးမှ မှားသွားမှန်းသတိထားမိလိုက်သည်... တကယ်ဆို ဒီလိုစကားက အူတိုတဲ့အခါမျိုးမှာ ရွဲ့ပြီးပြောတတ်ကြသည့်စကား မဟုတ်လား... ငြိမ်းက ဘာလို့ ထိုစကားမျိုး ပြောမိရပါလိမ့်... ခုန ချယ်ရီ့ရဲ့ ဂျူနီယာနဲ့ date နေသည့်သူက ဒီကောင်လေးလို့ သိလိုက်ရတော့ ငြိမ်းရင်ထဲ တစ်မျိုးဖြစ်သွားရသည်... ဘာကို မကျေနပ်မိမှန်းလဲ မသိဘဲ စိတ်နည်းနည်း ဆတ်နေမိသည်...

"ကျွန်တော့် ကိုယ်ရေးကိုယ်တာ ဆိုပေမဲ့ အစ်ကို့ကို တွေ့နေရဲ့သားနဲ့ နှုတ်မဆက်ရလောက်အောင် အရေးမကြီးဘူး... ပြီးတော့ ကားကိုဘာလို့ အဲ့ဒီလောက်မြန်မြန်ကြီး မောင်းသွားရတာလဲ...ခုနက အစ်မနဲ့ အစ်ကိုက ဘယ်လိုပတ်သက်တာလဲ... အစ်ကိုက ဘာလို့ သူ့ကို လိုက်ပို့ရတာလဲ"

ငြိမ်း မျက်ခုံးတွေကို အစွမ်းကုန်တွန့်ချိုးလိုက်မိသည်... ဒီကလေးက အရမ်းကိုဘောင်ကျော်နေပြီ...

"အာကာကြည်ညွှန်း!"

ငြိမ်းက ခတ်ဆတ်ဆတ်လေး အော်လိုက်တော့ သူက တစ်ပြန်ကြီး ငြိမ်းကို ဘုကြည့်ကြည့်လာသည်...

"မင်းနဲ့ မဆိုင်တဲ့ကိစ္စတွေအထိ ဘာလို့လိုက်မေးနေရတာလဲ...မင်း အခု ကိုယ့်ကားကိုယ် မောင်းပြီး အိမ်ပြန်သင့်ပြီ"

"အစ်ကို ကျွန်တော့်ကို စိတ်ဆိုးနေတာလား"

"မင်းကို စိတ်ဆိုးစရာ ဘာအကြောင်းမှ မရှိဘူး...ရှေ့မှာ ပိတ်ရပ်ထားတဲ့ မင်းကားကို မြန်မြန်သွားဖယ်ပေး"

"ဟင့်အင်း"

"ဘာ"

"မဖယ်ပေးဘူး... အစ်ကို ခုနက အစ်မနဲ့ ဘယ်လိုပတ်သက်နေလဲ ပြောမှဖယ်ပေးမယ်"

Match Made In Clouds Where stories live. Discover now