Ep 27 (Z) Quitting Alcohol

9.8K 324 8
                                    

မြသက်ချယ်၏ Instagram story မှာ video တစ်ခုတင်ထားသည်... အောက်နားမှာ စာသေးသေးလေးရေးထားသည်က...
"အိမ်မပိုင်ဘဲ ဂေါ်လီရိုက်သော ex"
video ထဲမှာ အာကာက မြသက်ချယ်၏ ပုခုံးတွေကို ဖက်ထားရင်း ကနေပြီး ခဏကြာတော့ မြသက်ချယ်က အာကာ့ မျက်နှာကို ဆွဲယူကာ နှုတ်ခမ်းတွေကို မော့၍ နမ်းလိုက်သည်... သိပ်အကြာကြီးတော့ မဟုတ်... စက္ကန့်ပိုင်းလောက်ဖြစ်သည်... ထိုအခိုက်မှာ အစ်ကိုရောက်လာပြီး ကနေသော အာကာ့ကိုဆွဲခေါ်သည်...

video က အပိုင်းတိုလေးဖြစ်သည်... သို့သော် အာကာ့ရင်ထဲမှာ ဆယ်ကမ္ဘာစာမျှမီးတောက်နေရပြီ... တကယ်ပင် အဲ့ဒီလောက်တွေအထိဖြစ်အောင်သောက်ခဲ့ရသည်လား... အဲ့ဒီနေ့ညက အစ်ကိုပြောခဲ့ပေမဲ့ အာကာက အမြင်မှားတာဟုသာ ထင်ခဲ့ပြီး နောက်ရက်တွေ အစ်ကိုက ထပ်မပြောတော့သောကြောင့် တကယ်ပင် မဟုတ်ဘူးထင်ခဲ့သည်...
အာကာက မြသက်ချယ်ကို နမ်းစရာဘာအကြောင်းမှ မရှိဟုလည်း စိတ်ထဲက ခိုင်မာနေခဲ့ရသည်...

အာကာ ဝဇီတို့ဆီ အမြန် group call ခေါ်ရတော့သည်...

"အေး ကာကြီး ပြော"

"ဟိတ်ကောင်တွေ ဘယ်လိုဖြစ်တာလဲ"

"ဟမ် ဘာကြီးလဲ"

"စောက်ပြဿနာပဲကွာ မင်းတို့က... မြသက်ချယ်ရဲ့ IG story ကိုကြည့်ဦး... မြသက်ချယ်က ဟိုနေ့က ငါမူးနေတုန်း ငါ့ကို နမ်းလိုက်တယ်ကွ"

"ဟမ်!! ဘယ်မှာလဲ ခဏလေး ငါကြည့်လိုက်ဦးမယ်"

"ဟာ ဟုတ်တယ်ဟ သေပြီ ဟိတ်ကောင်ရေ... ကိုငြိမ်းလဲ တွေ့သွားပြီထင်တယ်ကွ"

"ချီးပဲကွာ မင်းတို့ကောင်တွေက... ငါ့သောက်လို့ မရမှန်း သိရဲ့သားနဲ့ နည်းနည်းပါးပါး မထိန်းဘူး"

"ငါတို့လည်း မူးပြီး ကနေတာနဲ့ မသိလိုက်ဘူးကွ"

"ရာဇာ မြသက်ချယ်ကို ဖုန်းခေါ်ပြီး အခုချက်ချင်း ဖျက်ခိုင်း... ငါ့အစ်မတွေ တွေ့ကုန်ပြီလားမသိဘူး တင်ထားတာမကြာသေးဘူးဆိုတော့ မှီလောက်သေးတယ်... တောက်... ငါကွာ"

"အေးအေး အခုပဲ ခေါ်လိုက်မယ်"

အာကာဖုန်းချပြီး အိမ်အောက်သို့ ပြေးဆင်းကာ အစ်ကို့ကိုရှာရတော့သည်... အစ်ကိုက အခုတစ်လော မျက်နှာသိပ်မကောင်းဘဲ ဖြစ်နေတာ ဒါကြောင့်ထင်သည်... အာကာ အရက်သောက်မိသည့် ကိုယ့်ကိုကိုယ် တော်တော်လေး ဒေါသထွက်နေမိသည်... ဆယ်ကျော်သက်တုန်းကလည်း အရက်ခိုးသောက်ကြရင်း အရက်ဆိုင်မှ ဦးလေးကြီးကို အဖေကြီးဟု ခေါ်ကာ အတင်းတွယ်ကပ်နေခဲ့ ဖူးသဖြင့် အဖေကြီးကိုယ်တိုင် အတင်းလိုက်ခေါ်ခဲ့ရဖူးသည်...

Match Made In Clouds Where stories live. Discover now