Ep 16 (U)

43.7K 3.9K 774
                                    

ငြိမ်း မနက်ကတည်းက စိတ်လှုပ်ရှားပြီး အစောကြီးနိုးနေရသည်... so sweet က ကောက်ကာငင်ကာကြီး ဒီပိတ်ရက်မှာ သူ့အိမ်က မိသားစုတွေနဲ့ လိုက်တွေ့ပေးပါတဲ့လေ...

ငြိမ်းဘက်က ဘာမှ အဆင်သင့် မဖြစ်သေးပေမဲ့ ချစ်ရတဲ့ ကောင်လေးက အရာအားလုံး အဆင်သင့် ဖြစ်နေခဲ့ပြီ...

"ဘာမှ စိတ်မပူနဲ့ ... အစ်ကို ကျွန်တော့်ကိုပဲ ယုံပေးနော်... အစ်ကို့ကို ပျော်အောင် ထားမယ်ဆိုတဲ့ ကတိကို ကျွန်တော်က တစ်သက်လုံးအတွက် တည်သွားမှာ"

ဒီစကားတွေက တမင်စိတ်သက်သာရာ ရရုံသက်သက် ပြောခဲ့တာမဟုတ်မှန်း ငြိမ်းက အပြည့်အဝ ယုံကြည်ရပါသည်...

စိတ်လှုပ်ရှားနေရသည့်ကြားမှ ကြည်နူးရင်ခုန်မှုကလည်း တစ်တိတိနှင့် တိုးလျှိုးဝင်ရောက်လာကြသေးသည်... ငြိမ်း အသိတွေထဲမှာ လိင်တူချစ်ကြိုက်ကြသူတွေရှိပေမဲ့ တချို့က မိဘ ပတ်ဝန်းကျင် ကြောင့် လူသိမခံဝံ့သေးဘဲ Silent တွဲနေကြရတဲ့သူတွေ တွေ့ဖူးသည်...  ငြိမ်းကတော့ ငြိမ်းကို မချစ်ခက်ပေးနိုင်ရင်တောင်မှ သိက္ခာရှိရှိ အသိမှတ်ပြုမှု တစ်ခုတော့ လိုချင်သည်...

ဆုံးပါးသွားခဲ့သည့် ငြိမ်းရဲ့ မိဘတွေကို အားနာရပေမဲ့ မေမေရှိနေသေးရင် မေမေက ငြိမ်းကို အပြည့်အဝ လက်ခံပေးမယ်မှန်း ငြိမ်းက ယုံကြည်ပါသည်...

"ငြိမ်းရေ မနက်စာ စားတော့မလား သား"

"မစားတော့ဘူး ကြီးမေ... ကျွန်တော် ရှေ့လမ်းထဲ ခဏ သွားမလို့"

"ငြိမ်းဆီ လာလာနေတဲ့ ကောင်လေး အိမ်လား"

"ဟင်.... ကြီးမေက ဘယ်လိုသိ"

ငြိမ်းက အံ့သြောစွာမေးတော့ ကြီးမေက ပြုံးလိုက်သည်...

"ကြီးမေက ငြိမ်းရဲ့ အဒေါ်ဝမ်းကွဲ ဆိုပေမဲ့ ငြိမ်း ငယ်ငယ်ကလေးတည်းက ထိန်းလာရတဲ့သူပါကွယ်... ငြိမ်းကို ကြီးမေချစ်တာ ငြိမ်း မေမေထက် မပိုတောင် မလျော့ပါဘူး... အခုလည်း ငြိမ်း ဘယ်နေ့ပြောလာမလဲလို့ ကြီးမေက စောင့်နေတာ"

ငြိမ်း နေရာမှ ဆွံ့အစွာ ရပ်နေမိသွားရသည်... ကြီးမေကို မတိုင်ပင်ဘဲ တစ်ယောက်တည်း လျှောက်လုပ်နေမိသဖြင့်လဲ အားနာမိရပြီ...

Match Made In Clouds Where stories live. Discover now