Ep 33 (U)

38.3K 3.4K 189
                                    

ဇေယျာ ဖုန်းကိုကိုင်ပြီး ခေါင်းငိုက်စိုက်ချကာ ငိုင်နေမိသည်... တကယ်ကိုပဲ ကံကြမ္မာက ဇေယျာ့ အပေါ်မှာ ဒီလိုတွေလုပ်မှ ဖြစ်မှာလားဟု အပြစ်တင်ချင်လာမိသည်... အခုလည်း နောက်ဆုံး တွယ်တာစရာပါ မရှိတော့အောင်အထိ အကုန်သိမ်းကျုံးပြန်ယူသွားဖို့ လုပ်နေပြန်တော့သည်...

ဒီလိုထိုင်ပြီး ငိုင်နေရုံနှင့် မပြီးဘူးဟုတွေးလိုက်ကာ နေရာမှထ၍ကျောပိုးအိတ်ထဲ အဝတ်အစားတချို့နှင့် ပစ္စည်းတွေကောက်ထည့်လိုက်သည်... ခုတင်ပေါ်မှ ဖုန်းကိုယူလိုက်ရင်းမှ သတိရမိသွားရသည်က...

ဟုတ်ပေသားပဲ...ဇေယျာက တစ်ယောက်တည်းမှ မဟုတ်တော့တာ... ဇေယျာ့မှာ မိသားစုရှိသေးသည်... မိသားစုတောင်မှ တော်ရုံတန်ရုံမဟုတ်... မိသားစုအကြီးကြီး ဖြစ်သည်... ဇေယျာ အနည်းငယ် စိတ်သက်သာရာရသွားပြီး ဖုန်း contact ထဲမှ နံပါတ်တစ်ခုကို ခေါ်လိုက်သည်...

"အဖေကြီး"

"သားဇေ...ပြော... ဒီနေ့ အိမ်ကို မသွားဘူးလား သားအမေက မျှော်နေတယ်"

"မသွားဖြစ်တော့ဘူး အဖေကြီး... ကျွန့်တော့် အဖွား နှလုံးဖောက်ပြီး ဆေးရုံတင်လိုက်ရတယ်တဲ့ အခြေအနေမကောင်းဘူးလို့ ပြောတယ်... အဲ့ဒါကျွန်တော် ဆေးရုံကိုသွားရမယ် အဖေကြီး"

"ဟာ...ဟုတ်လား... အေးပေါ့ သွားရမှာပေါ့... နေဦး နေဦး သားအစ်ကိုနဲ့ အစ်မ တစ်ယောက်ယောက် လာခေါ်ပြီး လိုက်ပို့ပေးလိမ့်မယ် တစ်ယောက်တည်း မသွားနဲ့ ...သားဇေ အဆောင်မှာပဲ စောင့်နေ"

"ဟုတ်ကဲ့"

အဖေကြီးအသံ ကြားလိုက်ရတော့ ဘယ်ကမှန်းမသိရောက်လာတဲ့ အားအင်တွေက အလိုလို ပြည့်လာရသည်... ငါတစ်ယောက်တည်း မဟုတ်ပါဘူးဆိုသည့် အသိက ရင်ကိုတည်ငြိမ်စေသွားသည်...

ခဏအကြာတော့ ကိုအာကာနှင့် မကြီး တို့ရောက်လာကြသည်... ဇေယျာ့ကို ခေါ်ပြီး အဖွားရှိရာ ဆေးရုံသို့ လိုက်ပို့ကြသည်...

"မကြီးတို့ပါ လိုက်ကြည့်လို့ ရမလား ဇေယျာ"

"ဟုတ်...ရပါတယ် မကြီး"

"သွားမယ်လေ...ဘာလို့မရရမှာလဲ...လူနာကြည့်တာပဲ...လိုအပ်တာရှိရင် သားတို့ကူပေးလို့ရတာပေါ့... လာ..မကြီး...ဆင်း...ဆင်း"

Match Made In Clouds Where stories live. Discover now