Random Chit Chat

17K 1.3K 185
                                    

Fic တစ်ခုရေးတိုင်း Random မ chat ရရင် မနေနိုင်လို့ပါ...

MMIC က အခုဆိုရင် အပိုင်း (29) တောင် ရောက်လာပြီ... DiDi အပိုင်းတွေအများကြီးရေးလေ့မရှိတာ သိတယ်ဟုတ်... ဒီတစ်ခါတော့ အပိုင်း (30) ကို နည်းနည်းလေးကျော်ရတော့မယ်ထင်တယ်...

MMIC က BL ဆိုတာထက် Family bonding type မျိုးဖြစ်တာကြောင့် MC နှစ်ယောက်ရဲ့ အချစ်အဖွဲ့အနွဲ့တွေ သိပ်တွေ့ရမှာတော့ မဟုတ်ပါဘူး... DiDi အဓိက ဖန်တီးချင်တာက မိသားစုလေးတစ်ခုအတွင်းက ဖြစ်ရိုးဖြစ်စဉ် အဖြစ်ပျက်လေးတွေနဲ့ သူတို့ရဲ့ စိတ်နေစိတ်ထားလေးတွေကိုပါ... အဖေကြီးက main ပါ...

တစ်ချို့ plot လေးတွေမှာ reader လေးတွေ စိတ်တိုင်းမကျ စိတ်မကျေနပ်မှုလေးတွေဖြစ်စေခဲ့မိရင် အားနာပါတယ်... DiDi ရဲ့ အူကြောင်ကြား အတွေးအခေါ်တွေနဲ့ ဇာတ်အိမ်ဖွဲ့မှု အားနည်းချက်တွေကြောင့်ပါ... DiDi က Professional Author တစ်ယောက်မဟုတ်ဘဲ.... Wattpad ကို ဝါသနာအရ...စိတ်ထွက်ပေါက်တစ်ခု အနေနဲ့သာ ရေးဖြစ်တာမို့ လိုအပ်ချက်တွေက အများကြီးရှိနေပါတယ်... ဝမ်းစာလဲ တကယ်မပြည့်ဝသေးတာကြောင့် သည်းခံပြီးဖတ်ပေးကြတဲ့သူလေးတွေကို အားနာရပါတယ်...

MMIC ထဲမှာ Biologically အရ ကလေးတစ်ယောက် ပေါ်လာရတာက တကယ်တော့ မလိုအပ်တဲ့ plot ပါ... ဒါပေမဲ့ DiDi က fiction ဆန်ဆန် စိတ်ကူးယဉ်ကြည့်ချင်တာကြောင့်ရေးဖြစ်ခဲ့ပါတယ်... DiDi တို့ အဖေကြီးမှာ အကယ်၍ ဒီလိုနည်းနဲ့ သားတစ်ယောက် ရှိတယ်ဆိုပါစို့... အဲ့ဒီကလေးကလည်း မေတ္တာငတ်နေတဲ့ မိဘမဲ့လေး ဖြစ်သွားပြီဆိုပါစို့... DiDi တို့ မောင်နှမတွေ ဘယ်လိုပုံ ဘယ်လိုစိတ်ထားနဲ့ ဆက်ဆံကြမလဲ သိချင်မိတာပါ... အဲ့ဒီလိုကလေးတွေကရော သူတို့ဘဝ ဇာတ်ကြောင်းကို သိတဲ့အခါ လက်တွေ့ကို လက်ခံနိုင်ဖို့ ဘယ်လိုကျော်လွှားကြမလဲ တွေးကြည့်မိတာပါ...

ဒီကလေးရဲ့ ဖြစ်တည်မှုက So sweet လေးကို ဘာတစ်ခုမှ ထိခိုက်စေမှာမဟုတ်လို့ စိတ်မပူကြဖို့လဲ ပြောချင်ပါတယ်... So sweet က ကြည်ညွှန်း Family ကြီးရဲ့ အငယ်ဆုံး မင်းသားလေးမို့ ဒီနေရာကို ဘယ်သူတစ်ဦးတစ်ယောက်ကမှ ထိခိုက်စေမှာမဟုတ်ပါဘူး...

ဖတ်ရတာ အဆင်မပြေမှုလေးတွေရှိခဲ့ရင် DiDi ရဲ့ ညံ့ဖျင်းမှုကြောင့်ပါ... သည်းခံပြီးဖတ်ပေးကြတဲ့သူလေးတွေရော... Ongoing လိုက်ခဲ့ပေးပြီး vote လေးတွေ Comment လေးတွေ ပေးကြတဲ့သူလေးတွေရော DiDi က ကျေးဇူးအများကြီးတင်ပါတယ်နော်...

Match Made In Clouds Where stories live. Discover now