Unicode Version
"ဒါလေးဘယ်လောက်လဲ မောင်လေး "
"အဲဒါက ယွမ်၁၀၀အမ ခုမှအသစ်ပေါ်တဲ့ဒီဇိုင်းလေ
အသားလည်းကောင်းတယ် ဝတ်လို့လည်းအဆင်ပြေတယ် ""လျှော့ပါဉီးမောင်လေးရဲ့ နောက်လည်းလာအားပေးမယ်လေ"
"ရောင်းစျေးပါအမရယ် ကျွန်တော်တို့ဆိုင်က
အမြတ်အများကြီးလည်းမတင်ပါဘူး
ဝယ်သူတွေအဆင်ပြေလောက်မဲ့ ပမာနဘဲရောင်းပေးတာပါ""အေးပါမောင်လေးရယ် အမသိပါတယ်
ဒါဆိုဒါလေးယူလိုက်မယ်နော် ""ဟုတ်အမ "
အိမ်မှာဘယ်လိုဘဲ အဆင်မပြေဖြစ်လာပါစေ
ဝယ်သူတွေနဲ့တွေ့ရင်တော့ မျက်နှာထားကို အလိုလိုချို
ထားရသည်။ ကိုယ့်ကိုထမင်းကျွေးနေတဲ့ ဝယ်သူတွေကို
စူပုတ်ပုတ်ဆက်ဆံလို့မဖြစ် ထမင်းအိုးကွဲနိုင်သည်။"ရှောင်းကျန့် မျက်နှာလည်းမကောင်းပါလားကွယ် ။
ဘာလဲ...ရိပေါ်နဲ့ရန်ဖြစ်လာပြန်ပြီလား "ရွေးကျဘေထုတ်တွေကို သေချာပြန်စီနေတဲ့
ကြီးမေက သူ့မျက်နှာကို အကဲခတ်ရင်း မေးလာသည်။"ဟုတ် ကြီးမေ နည်းနည်းစကားများလာရုံတင်ပါ "
ဒေါ်ကျန်းမေ ခေါင်းခါရင်း သက်ပြင်းချမိသည်။
ရှောင်းကျန့်လို သူဌေးသားလေးလည်း ရိပေါ်နဲ့
စညားကတည်းက သူတို့နဲ့ရောပြီး ပင်ပန်းဆင်းရဲ
နေရသည့်အပြင် အိမ်ထောင်သည်ဖြစ်နေတာတောင် မလိမ္မာသေးတဲ့ သူ့တူလူဆိုးကြောင့် ထပ်ပြီး စိတ်ဆင်းရဲ နေရပြန်ပြီ ထင်သည်။ တစ်ခါတစ်လေ ရှောင်းကျန့်ကို သနားလို့ 'ဒီလူဆိုးကောင်ကို ပေါင်းမနေနဲ့ ကွာလိုက် ' လို့ ပြောချင်ပေမဲ့ သူကိုယ်တိုင်ကကို 'ပိုးဖလံမိုးမီးကိုတိုး' ဖြစ်နေတော့ ပြောလည်းမပြောရက်ပေ။"ကြီးမေလည်းသားတို့အိမ်ထောင်ရေးကြားထဲ
ဝင်မပါချင်ဘူးကွယ် အချင်းချင်းသင့်သင့်မြတ်မြတ်
နေကြပေါ့ ""ဟုတ်ကဲ့ပါကြီးမေရယ် ဒါနဲ့လေ ကျွန်တော်ကြီးမေကို
တစ်ခုလောက်တိုင်ပင်ချင်လို့ ""ပြောလေ ဘာတိုင်ပင်မလို့လဲ "
" ဟို့နေ့ကဆိုင်ကို အမလုလုလာသွားသေးတယ်
သူပြောတာကသူ့ဆိုင်မှာစားပွဲထိုးဖို့
လူလိုလို့တဲ့ ပြီးတော့ ညနေ(၄)နာရီကနေ ည(၇)နာရီထိကို
တစ်ရက်ယွမ်(၈၀)တောင်ပေးမှာတဲ့ကြီးမေရဲ့
အဲဒါကျွန်တော်သွားလုပ်ရင်ကောင်းမလားလို့ "
YOU ARE READING
My very bad husband belong to me