21

9.8K 778 242
                                    

Unicode Version

ရိပေါ်ဒီနေ့ဘာကြောင့်မှန်းမသိ စိတ်တွေလေးနေသည်။
ဆိုင်ကယ်ပြင်နေရင်လည်း လက်ကိုသံနဲ့ခြစ်မိပြီး သွေးထွေထွက်လိုက်တာလည်းမနည်းမနော။
ပြီးတော့ ဘာကြောင့်မှန်းမသိ အိမ်ကတစ်ယောက်ကို
အရမ်းသတိရတာဘဲ။ ဒါ့ကြောင့်နေ့လည်
အိမ်ပြန်မလို့လုပ်ပေမဲ့ ပြင်စရာဆိုင်ကယ်တွေ
အရမ်းများနေလို့သူမပြန်ဖြစ်ခဲ့ အကိုကျင်းလန်ကျွေးတဲ့
နေ့လည်စာကိုသာစားခဲ့ရသည်။

အလိုနဲ့ တစ်နေကုန် အားတင်းလာခဲ့သမျှ ခုညနေတော့ အလုပ်တွေအမြန်အပြီးသတ်ပြီး အိမ်ပြန်လာခဲ့သည်။ အိမ်ရောက်ရင်တော့ ဟိုတစ်ယောက် ကိုယ်လေးကို အားရအောင်ဖက်ပြီး အိပ်ပစ်ဉီးမည်ဟု တွေးမိတော့နှုတ်ခမ်းတစ်ဖက်က
အလိုလိုကွေးညွတ်လို့သွားသည်။

အိမ်ပြန်နေရင်းလမ်းမှာရှောင်းကျန့်အတွက်
ပေါက်စိစိပူပူလေးဝင်ဝယ်လိုက်ပြီး ခပ်မြန်မြန်ပြန်လာခဲ့သည်။ ညနေဘက်ဆို
ရှောင်းကျန့်ကဗိုက်ဆာတက်သည်လေ။

"ရှောင်းကျန့် ကျွန်တော်ပြန်လာပြီ "

အိမ်ပြန်ရောက်ရောက်ချင်း အသံပေးလိုက်ပြီး
ဝယ်လာတဲ့ပေါက်စိထုတ်လေးကို စားပွဲပေါ်တင်လိုက်တယ်။
ပြန်ထူးသံမကြားသည်မို့ ရိပေါ်အခန်းထဲ
ဝင်သွားလိုက်သည် သို့ပေမဲ့ အခန်းတစ်ခုလုံး
တိတ်ဆိတ်ပြီးဘယ်သူမှမရှိပေ။

"ကြီးမေ ရှောင်းကျန့်ရော "

အခန်းထဲကထွက်လာတဲ့ ကြီးမေက
သူ့ကိုနားမလည်သလို ကြည့်ရင်း

"ဟေ နင့်နောက်လိုက်သွားတာမဟုတ်ဘူးလား
ငါအိမ်ပြန်လာကတည်းကမတွေ့သေးဘူး "

"ဟာ မဟုတ်ပါဘူး သူ့ကျွန်တော့်ဆီလိုက်မလာဘူး "

"ဟယ် အဆိုမှောင်တောင်မှောင်တော့မယ်
သူဘယ်သွားလဲမသိဘူး "

ရိပေါ်စိတ်ပူသလိုသလို ကျစ်တစ်ချက်ဆုတ်ပြီး
အိမ်ထဲကပြေးထွက်လာခဲ့သည်။ မှောင်ရီပျိုးစမို့
အိမ်ပြင်ရောက်တာနဲ့ အနည်းငယ်မှောင်နေပြီး
လူတွေကိုမြင်ရပေမဲ့ သဲသဲကွဲကွဲတော့မဟုတ်ပေ။

အိမ်ထဲကထွက်လာပြီး ဘယ်ကိုသွားရှာရမှန်းမသိတာနဲ့
ဘေးအိမ်က ရင်ချူဆီ တစ်ချက်သွားမေးကြည့်လိုက်သည်။
သို့ပေမဲ့ 'မသိဘူး ' ဟုပြောတာမို့ ရိပေါ် အမြန်
ပြန်ထွက်လာပြီး ရှောင်းကျန့် သွားတက်တဲ့ အိမ်တစ်ချို့ကို လိုက်မေးကြည့်သည်။ အလိုနဲ့ တစ်အိမ်ဝင်တစ်ထွက်
လိုက်မေးသော်လည်း ရှောင်းကျန့်ကိုမတွေ့တာမို့
ဒေါသဖြစ်စိတ်ထက် စိုးရိမ်စိတ်တို့ ပိုကြီးစိုးလာရ၏။

My very bad husband  belong to meWhere stories live. Discover now