13⚠

15.7K 701 84
                                    

Unicode Version

"အရက်စော်နံတယ် "

သူ့အနမ်းတွေကို ရှောင်ဖယ်ရုံမဟုတ် 'ပါးစပ်ကပါအရက်စော်နံတယ်'
ဟုပြောလာတဲ့သူကြောင့် ရိပေါ်ဒေါသအနည်းငယ် ထွက်သွားသည်။ ဆိုင်ကယ်ပြင်စရာတွေများနေလို့
အလုပ်ကိုမနက်စောစောထွက်သွားရပြီး
နေ့လည်စာကိုလည်း အက်ိုကျင်းလန်က
ကျွေးသည်မို့ ရိပေါ် တစ်နေကုန်သူနဲ့မတွ့ရသေး။ခုအိမ်ပြန်လာလို့ မနက်ကတည်းကမထိရသေးတဲ့ ကိုယ်လေးကိုဆွဲဖက်ပြီးနမ်းလိုက်ပေမဲ့ စိတ်တိုအောင်လာပြောနေသည်။

လူကမူးနေတာမို့စိတ်ဆက်ချင်နေပြီး မိုက်ကန်းကန်း
ကြည့်ကာ

"ပြွတ်စ်! နံတော့ဘာဖြစ်လဲကွာ "

ရှောင်သွားတဲ့ခေါင်းကို ပြန်ဆွဲယူပြီးလက်တစ်ဖက်နဲ့
ထိန်းကိုင်ကာ နှုတ်ခမ်းတွေကိုဆွဲစုပ်ပစ်လိုက်သည်။
ခုမှရေချိုးထားပုဲပေါ်တဲ့ ရှောင်းကျန့်ဆီက
သွားတိုက်ဆေးအရသာပူရှိန်ရှိန်းကိုခံစားမိသည်။

"ဟွန့် "

ရှောင်းကျန့် နှုတ်ခမ်းဆူကာစူပုတ်ပု​တ်လုပ်နေ
လိုက်သည်။ မနက်အစောကြီးကတည်းက
ထွက်သွားပြီး မှောင်ကာနီးမှပြန်လာတဲ့ရိပေါ်က
ပြန်လာတော့မူးနေပုံပေါ်ကာ အရက်နံံ့လည်းရနေသည်။
ဒါတင်မကသေး လူကိုရီဝေဝေကြည့်ကာ လာနမ်းတာမို့
အနမ်းတွေကိုရှောင်ပေမဲ့ ဂျစ်ကန်ကန်ပြောကာ
သူ့နှုတ်ခမ်းတွေကိုရအောင်နမ်းလိုက်သေးသည်။
ရိပေါ် နှုတ်ခမ်းဆီကနေချဉ်စူးစူးအရက်နံနဲ့အတူ
ခါးသက်သက်အရသာကသူ့နှုတ်ခမ်းတွေမှာကပ်ကျန်ယုံ
မဟုတ် လျှာပေါ်မှာပါစွဲကျန်ခဲ့သည်။

"ထပ်အနမ်းခံချင်လို့ အဲ့နှုတ်ခမ်းကဆူနေတာလား "

ရှောင်းကျန့် ဘာမှပြန်မပြောဘဲစူပုတ်ပုတ်လုပ်နေမြဲ။
သူမနိုးခင်ကတည်းထွက်သွားပြီး
နေ့လည်စာတောင်ပြန်မစားတဲ့ရိပေါ်ကိုစိတ်ဆိုးချင်ပါသည်။မြင်ချင်နေတဲ့မျက်နှာလေးကို
မြင်ရတော့လည်းမူးလာပြန်သည်။ အရင်လိုဘီယာသောက်
တာတောင်မဟုတ် အရမ်းပြင်းတဲ့အရက်ကိုသောက်လာမှန်း
ရှောင်းကျန့်သိသည်။ ဒီလိုစိတ်ဆိုးပြထားမှဖြစ်မည်
သူမပြောလို့ရိပေါ်နေ့တိုင်းသောက်ရင် ကျန်းမာရေး
ထိခိုက်လိမ့်မည်။

My very bad husband  belong to meWhere stories live. Discover now