Unicode Version
ဒီနေ့ကတနင်္ဂနွေနေ့ဖြစ်လို့ ရိပေါ်အလုပ်လည်းမသွားရသလို
သူတို့အထည်ဆိုင်လေးလည်းပိတ်သည်မို့
အိမ်မှာလူဆုံနေကြသည်။ ရှောင်းကျန့်ကတော့
မနက်စောစောနိုးပေမဲ့ သူ့ကိုတစ်ညလုံးဘီလူးစီးသလို
သောင်းကြမ်းသွားတဲ့ ရိပေါ်ကတော့ခုထိမနိုးသေးပေ။
ညကအကြောင်းကိုစဉ်းစားမိတော့ ရှောင်းကျန့်ရှက်ရယ်
ရယ်လိုက်မိသည်။ သူညကရိပေါ်ကို ဖောက်ပြန်တယ်ဆိုပြီး
မတရားတွေစွပ်စွဲခဲ့တာဘဲ။ ဒါပေမဲ့လည်း စွပ်စွဲတာနဲ့တန်အောင် တစ်ညလုံးအပြစ်ပေးသည်မို့
ခုမနက်မှာတော့ ရှောင်းကျန့်ခါးတွေနာနေသည်။ညကတစ်ညလုံးရိပေါ်က သူ့ကိုပုံစံအမျိုးမျိုးနဲ့
ဆက်ဆံခဲ့တာကိုတွေးမိတော့ ရှောင်းကျန့်မျက်နှာလေး
ပန်းရောင်သန်းသွားသည်။ ရိပေါ်အလောက်ထိ sexအရာမှာ
ကျွမ်းကျင်လိမ့်မယ်လို့ ရှောင်းကျန့်မထင်ခဲ့ဖူးဘူး။
ရိပေါ်ရဲ့လုပ်ဆောင်ချက်တွေကြောင့် ရှောင်းကျန့်သာယာ
လွန်ပြီး သူများတွေကြားမှာတောင်မရှက်နိုင်ဘဲ
အသံကုန်ဟစ်ကာခေါ်နေခဲ့တာ။ မနက်မိုးလင်းတော့
သူ့တစ်ကိုယ်လုံးကိုက်ရာစုပ်ရာဘလပွမို့
ရှောင်းကျန့် လည်ပိတ်ဆွယ်တာအညိုလေးဝတ်ထားရသည်။
လင်မယားချင်းဒီလိုကိစ္စကရှိစမြဲဆိုပေမဲ့
ကြီးမေ ဒီလိုအရာတွေတွေ့သွားမှာ ရှောင်းကျန့်ရှက်ပါသည်။"ဘာတွေစဉ်းစားနေတာလဲ "
ရုတ်တရက် နောက်ကနေခါးကိုလာဖက်တဲ့ ရိပေါ်ကြောင့်
ရှောင်းကျန့်ကိုယ်လေးတုန်သွားသည်။"မောင် ဖယ် ကြီးမေမြင်ကုန်မယ် "
လူမြင်နိုင်တဲ့မီးဖိုခန်းကြီးထဲမှာမို့ ဖက်ထားတဲ့လက်ကိုအသာ
ဖြေရင်းပြောပေမဲ့ ဂျစ်ကန်ကန်လူဆိုလေးကတော့
မလွှတ်သည်အပြင် သူ့နားရွက်ဖျားလေးတွေကိုပါ
တတိတိနဲ့လာကိုက်နေသည်။"ဘာတွေစဉ်းစားပြီးပြုံးနေတာလဲ
ခင်များအတွေးထဲမှာ ကျွန်တော်ပါရဲ့လား "ခါးထက်ကလက်တွေကို ပိုတင်းကြပ်ရင်းမေးလာတဲ့ရိပေါ်က
သူမပါဘူးလို့များပြောလိုက်ရင် သူ့ခါးတွေကို
ကျိုးကြေသည်ထိအပြစ်ပေးချင်နေပုံရသည်။
YOU ARE READING
My very bad husband belong to me