39⚠(Final)

14.1K 705 149
                                    

unicode version

"သား ကျောင်းမှာမတည့်တာတွေ ဝယ်မစားနဲ့နော်
ပြီးတော့ ရန်လည်းဖြစ်မနေနဲ့ ကြားလား"

"တိပါရယ် ပါးပါးရာ ဒါဘဲမှာနာဘဲ"

"သိရင်လည်းပြီးရော နောက်မှ ရန်ဖြစ်တယ်ဘာညာ မကြားချင်ဘူးနော် "

"မဖြစ်ပါဝူးချိုမှဂျာ "

"ဟုတ်ပါပြီ ဟုတ်ပါပြီ လူလိမ္မာလေးကိုယုံပါတယ် "

ကျောင်းဝတ်စုံအင်္ကျီလေးကို သပ်သပ်ရပ်ရပ်ဖြစ်အောင်
ပြင်ပေးလိုက်ပြီး ရှေ့ကိုဝဲကျနေတဲ့ ဆံပင်လေးကို
ဘီးလေးနဲ့သေချာဖီးပြီး လှံတင်ပေးလိုက်သည်။ ထို့နောက်
ပေါ်လာတဲ့နဖူး ဖြူဖြူလေးကို မွကနဲနမ်းလိုက်ပြီး
ပေါက်စိလုံးလို ပါးကြီးနှစ်ဖက်ကိုပါ ဆွဲညှစ်လိုက်တော့
သားရဲ့နှုတ်ခမ်းက တစ်တောင်လောက်ဆူထွက်လာသည်။

"တော်ပြီ ပါးပါးရာ ကျောင်းတွားပါတော့မယ်ချို "

"အင်းပါ ဒါနဲ့ သားဒယ်ရီဘယ်ရောက်သွားလဲ "

"ဒီမှာ ဒီမှာ ခင်များတို့သားဖ ပြင်လို့မပီးသေးလို့
စောင့်နေတာ "

အခန်းတံခါးကိုမှီရင်း စိတ်မရှည်တဲ့အသံနဲ့ မောင်ကပြောလာသည်။

"ပြီးပါပြီမောင်ကလည်း သား မုန့်ဖိုးရောရှိသေးလား "

"ချိတော့ဝူး ပါးပါး "

"ဘာမရှိတော့ဘူးလဲ ဟေ့ကောင် မင်းကိုဟိုနေ့ကမှ
ယွမ်၁၀၀ပေးထားတယ်လေ "

"ဒယ်ရီ ဘာတိယို့ယဲ ကျောင်းကမုန့်တွေအကုန် ချေးတက်ကုန်ပြီ ယွမ်တရာနဲ့ ဘာမှချားယို့မရဝူး "

"ဟုတ်လားသား အဆို ပါးပါးမုန့်ဖိုးထပ်ပေးလိုက်မယ်နော်"

"မပေးနဲ့အချစ် ဒီကောင်ကူလီကူမာ များနေတာ
ဘာစျေးမှမတက်ဘူး "

"ဒယ်ရီ လူဂျိုးနော် မတိဘဲနဲ့ လျှောက်မကြောနဲ့ "

"ကဲပါ တော်ပြီ ။ ဒီမှာ ပါးပါးမုန့်ဖိုးထပ်ပေးလိုက်တယ်နော်
မတည့်တာတွေမစားနဲ့ ကြားလားသား"

"ဟုတ်ပါးပါး အကြောင့်ပါးပါးကိုချိတာ မွမွ"

လိုချင်တာရတော့ သူ့ပါးနှစ်ဖက်ကို လက်နဲ့အုပ်ကိုင်ပြီး မွမွလုပ်နေတဲ့သားကြောင့် ရှောင်းကျန့်ရယ်လိုက်သည်။

My very bad husband  belong to meWhere stories live. Discover now