20⚠

14.6K 804 182
                                    

Unicode Version

တိတ်ဆိတ်နေတဲ့ညသန်းခေါင်နဲ့အပြိုင်
အခန်းလေးတစ်ခုအတွင်း လူနှစ်ယောက်ဟာလည်း
ငြိမ်သက်နေတယ်။ တစ်ခါတစ်ခါဘယ်သူ့ဆီကမှန်းမသိတဲ့
အသက်ရှုသံလိုလို သက်ပြင်းချသံလိုလို အသံတိုးတိုးကလည်းတိတ်ဆိတ်နေချိန်မို့
ခပ်ကျယ်ကျယ်။

ခန္ဓာကိုယ်နှစ်ခုကပူးကပ်နေတယ်ဆိုပေမဲ့
ရိပေါ်ကတော့ ဒီနေ့ညမှဘာလို့ အရမ်းဝေးနေသလိုခံစားနေရတယ်။
သူဖက်ထားတဲ့ခပ်သေးသေးကိုယ်လေးကရော
ဘာကြောင့်ဒီနေ့မှဒီလောက်အေးနေရတာလဲ။
သူ့ကိုလွတ်ထွက်သွားတော့မတက်ဖက်ထားတဲ့
ရှောင်းကျန့်ရဲ့ အသက်ရှူသံပြင်းပြင်းကရော
ဒီနေမှဘာလို့ပိုကျယ်ပြီး သူ့ကိုအိပ်မရဖြစ်စေရတာလဲ။

"ရှောင်းကျန့် နေမကောင်းလို့လား "

ညနေအိမ်ပြန်လာကတည်းကထူးဆန်းနေတဲ့
ရှောင်းကျန့်က ခုလည်းသူ့စကားခေါင်းခါရင်း
မလွတ်တမ်းဖက်ထားပြန်သည်။

"ညစာလည်းမစားထားတော့ ဗိုက်ဆာပြီလား "

ခေါင်းချည်ခါနေတဲ့ရှောင်းကျန့်ကြောင့်
ရိပေါ်သက်ပြင်းချလိုက်မိသည်။

ဒီတစ်ယောက်ဘာဖြစ်နေမှန်းမသိပေမဲ့
အခုတလောထူးဆန်းနေတယ်။ ခုလည်း
ညနေအိမ်ပြန်ရောက်ကတည်းက
သူ့ကိုအတင်းပြေးဖက်ပြီး ရင်ခွင်ထဲတိုး
ဝင်လာတာ ပြန်ထုတ်လို့လည်းမရ။

'ညစာစားရမယ်ခနလွတ်ဉီး' လို့ ပြောတာတောင် 'ဗိုက်မဆာဘူး'ဆိုဘူးဆိုလို့
ဆူလိုက်သေးသည်။ ဆူလိုက်တော့လည်း
မျက်ရည်တွေပိုးပိုးပေါက်ပေါက်ကျလာပြန်တာမို့
ရိပေါ်ဘဲပြန်ချော့ရသည်။

လူကိုအတင်းကပ်နေတာကြောင့်
နေမကောင်းတာထင်ပြီး စမ်းကြည့်တော့လည်း
ကိုယ်မပူတာမို့ ရိပေါ်ဘာလုပ်ပေးရမှန်းမသိ။

ဒါကြောင့်မို့ သူ့စိတ်တိုင်းကျဖက်ပေးပြီး
အိပ်ယာပေါ်တင်ကာ နောက်ဆုံးသူပါဝင်အိပ်လိုက်ရသည်။
ဖက်ထားတာအတော်ကြာနေပြီး
ခနလွှတ်ဖို့ပြောလည်းမရသည်မို့
ရိပေါ်မှာရေတောင်မချိုးရဘဲ ကလေးလူကြီး
စိတ်တိုင်းကဖက်ထားပေးရတာခုညသန်းခေါင်းကျော်ထိပင်။

My very bad husband  belong to meWhere stories live. Discover now