10

12K 719 36
                                    

Unicode Version

တရုတ်ပြည်၏ ရာသီဉတုသည် ဆောင်းရာသီတွင်
အတော်အေးပြီး နွေရာသီတွင်လည်း အပူကဲ၏။
အိမ်ပြင်ထွက်လိုက်ရုံနဲ့ အပူဒဏ်က အလွန်
ပြင်းသည်မို့ နေ့လည်ဘက်အပြင်မထွက်တော့ဘဲ
ညနေ နေအေးမှမှဇယ်ခုံသွားမည်ဟု မှန်းလိုက်သည်။

ရိပေါ်တို့နေတဲ့ရက်ကွက်လေးသည် သာမန်လူလတ်တန်းစားနဲ့၊
လူဆင်းရဲများသာအများဆုံးနေသည်မို့
လူသံ၊စက်သံတွေအပြင်၊တစ်ခါတစ်ခါရန်ဖြစ်သံ
ဆဲဆိုသံများလည်းကြားရသည်။ နေ့တိုင်းကြုံနေကျ
သူတို့အတွက်တော့ ဒါဟာအထူးအဆန်းမဟုတ်။
ခုလည်း ဘေးနှစ်အိမ်ကျော်က အမစီစီရဲ့
အော်ဟစ်ဆဲဆိုသံကိုကြားနေရသည်။

"သတောင်းစား။ တစ်နေ့တစ်နေ့စောက်လုပ်မလုပ်ဘဲ
အဲ့စောက်ရေတွေဘဲသောက်နေ ရှာကြွေးနေရတဲ့ငါက
ကျွန်မကြီးမဟုတ်ဟဲ့ "

"ဟာ ဒီမိန်းမကွာ။ဘုန်း! "

ကြားနေရတဲ့အသံနေကြောင့် ရိပေါ်ခေါင်းတစ်ချက်ခါရင်း
ရယ်မိသွားသည်။ အမစီစီဆိုတာလူကောင်သေးပေမဲ့
နာမည်နဲ့လိုက်အောင်အသံစီစီလှုပ်ပြီး လက်မြန်ခြေ
မြန်ရှိတဲ့ အမျိုးသမီးဖြစ်သည်။သူ့ယောကျ်ား
အကိုဖေးရန်က လူကောင်သာကြီးပြီး အရက်သောက်တာက
လွဲရင် ဘာမှမလုပ်တက်တဲ့တုံးတုံးအအလူကြီးဖြစ်သည်။
ခုလည်းဒီမိန်းမကွာလို့သာပြောလိုက်တာ
နောက်က'ဘုန်း'ဆိုတဲ့အသံက အမစီစီက သူ့ယောကျ်ား
အမူးသမားကျောပြင်ကို ဗြောတင်လိုက်ခြင်းဖြစ်သည်။

"ဒီမိန်းမကွာ ငါလုပ်ရင်သေတော့မယ်နော် "

"လုပ်ကြည့်စမ်းပါ စီစီတဲ့ တစီဘဲရှိတယ်
ရှင်ကိုမှမနိုင်ရင် နာမည်ပြောင်းပစ်မယ်။
သတ္တိရှိရင်ထိကြည့်လိုက် "

"မလုပ်ချင်လို့ကြည့်နေတာကိုကွာ အကောင်းမှတ်မနေနဲ့
ကိုင်ပေါက်လိုက်လို့တစ်ချက်စာဘဲရှိတယ် "

နိုင်တာလည်းမဟုတ်ဘဲ ပြန်ပြောနေတဲ့အကိုဖေးရန်
ကြောင့် ရိပေါ် အသံထွက်အောင်ရယ်လိုက်သည်။

နောက်ပြီးသူဘဲ ဒဏ်ရာဘလပွနဲ ခံလာရမှာများ။

သူများရန်ဖြစ်တာနားထောင်နေရင်း ဘာရယ်မဟုတ်
ခေါင်းထဲမှာ သူနဲ့ရှောင်းကျန့်ဒီလိုရန်ဖြစ်ရင်
ဘယ်လိုလုပ်မလဲဆိုပြီးတွေးမိသွားသည်။
တော်သေးတာပေါ့ ရှောင်းကျန့်သာအမစီစီလို
လက်ရဲဇက်ရဲဆို သူ့ဒေါသနဲ့မလွယ်လောက်ဘူး။

My very bad husband  belong to meWhere stories live. Discover now