unicode version
တိတ်ဆိတ်နေတဲ့မီးဖိုလေးအတွင်း ဟင်းနံ့သင်းသင်းက
ပျံ့လွင့်လာသည်။ မီးဖိုထဲတွင် ဟင်းချက်နေသော
ကောင်လေး၏ကျောပြင်သည် လှုပ်လီလှုပ်လဲ့။
ဟင်းချက်နေရင်းတစ်ခါတစ်ခါငေးငေးကိုငိုင်
ဖြစ်သွားပုံက စိတ်နဲ့လူနဲ့မကပ်ပုံပေါ်၏။အတန်ကြာ ဟင်းချက်ပြီးသွားပုံရတဲ့ကောင်လေးက
ဂျိုင့်အဆင့်ဆင့်ထဲကို ဟင်းတွေထည့်ရင်း
ပါးချိုင့်သေးသေးလေးပေါ်သည်ထိ ပြုံးနေသည်။ရိပေါ်ကအလုပ်လုပ်နေပြီမို့ ရှောင်းကျန့်ဒီနေ့တော့
ထမင်းသွားပို့ဖို့ပြင်နေသည်။
ရိပေါ်အကြိုက်ဟင်းတွေအစုံချက်ပြီး
ထမင်းသွားပို့ရင်း သူပါတစ်ခါတည်းစားမည်ဟု
တွေးထားသည်။ စိတ်ထဲဘယ်လိုဘဲရှုပ်ထွေးနေပါစေ
ရိပေါ်ကသူ့ကိုချစ်သည် သူ့လည်းရိပေါ်ကိုချစ်တာမို့
တစ်ခြားအရာတွေခေါင်းထဲမထည့်တော့ပါ။တစ်မနက်လုံးမီးဖိုထဲဝင်ထားရတာမို့ ရှောင်းကျန့်
တစ်ကိုယ်လုံး ဟင်းနံ့တွေစွဲညိနေသည်။
နေ့လည်စာစားချိန်နီးပြီမို့ ရေချိုးမနေတော့ဘဲ
ခြေလက်ဆေးပြီး အဝတ်စားလဲလိုက်သည်။
နေ့လည်ခင်းမို့ အေးတဲ့shirtအပြာအပါးလေးကို
အောက်က short pant ဒူးလောက်ကလေးနဲ့
တွဲဝတ်လိုက်သည်။ မျက်နှာပြောင်နဲ့မသွားချင်တာမို့
ကုန်ခါနီးO-Layထုတ်ထဲက နို့ရည်အနည်းငယ်ယူပြီး
လိမ်းကျံလိုက်သည်။ ထို့နောက် ဆံပင်တွေကို
သပ်ရပ်အောင်သေချာဖီးသင်လိုက်ပြီး မှန်ထဲမှာမြင်နေရတဲ့
အနည်းငယ်နွမ်းနေတဲ့မျက်နှာလေးကို အပြုံးတစ်ခုပြုံးပြီး
ဖုံးလိုက်သည်။အကုန်ပြင်ဆင်ပြီးတဲ့အခါမှာတော့ ထမင်းချိုင့်လေးကို
ဆွဲရင်းရိပေါ်အလုပ်လုပ်တဲ့ဆိုင်ကယ်ပြင်ဆိုင်လေးသို့
တက်ကြွနေတဲ့ခြေလှမ်းတွေနဲ့ လျှောက်လာခဲ့သည်။
သွားနေရင်းလက်ကနာရီကိုတစ်ချက်ကြည့်လိုက်တော့
12နာရီထိုးတော့မှာမို့ ခြေလှမ်းတွေကိုအရှိန်တင်ပြီး
ခပ်သွက်သွက်လေးသွားလိုက်သည်။ဆိုင်ကယ်ပြင်ဆိုင်ရောက်တော့ ဗန်ဒါပင်နဲ့ကွယ်ပြီး
ထိုင်နေတဲ့ရိပေါ်ကိုမြင်သည်မို့ ရှောင်းကျန့်ပြုံးလိုက်သည်။
အိင်္ကျီလေးကိုသပ်သပ်ရပ်ရပ်ဖြစ်အောင်ပြင်လိုက်ပြီး
ထမင်းချိုင့်လေးဆွဲကာ တက်ကြွတဲ့ခြေလှမ်းတွေနဲ့
လျှောက်လာခဲ့သည်။သို့ပေမဲ့ အနားရောက်လေ
ရှောင်းကျန့်ခြေလှမ်းတွေနှေးသွားလေဖြစ်ပြီး
လက်ထဲကထမင်းချိုင့်လေးတောင် တစ်စက်စက်တုန်
ချင်နေသည်။
YOU ARE READING
My very bad husband belong to me