6

10.8K 790 58
                                    

Unicode Version

"ဒေါ်ကျန်းမေတို့ ရှောင်းကျန့်တို့ရှင်တို့သိပြီးကြပြီလား "

ဆိုင်ထဲကို ဝင်လာလာချင်းဘဲ အမကျိရွှမ်းရဲ့
အသံစွာစွာကစူးထွက်လာသည်။

"ဘာတုန်းဟဲ့ အလန့်တကြားရှိလိုက်တာ "

"အေးလေ အမကျိရွှမ်းကလည်း။ ဘာလဲ အမယောကျ်ားနဲ့
ကွဲတော့မလို့လား "

"ဟဲ့ ဖက်ဖက် မပြောကောင်းမဆိုကောင်း
ငါကဘာလို့ငါ့ယောကျ်ားနဲ့ကွဲရမှာလဲ "

"မသိဘူးလေ အဒါဆိုဘာဖြစ်လာတာလဲ "

အမကျိရွှမ်းကပါလာတဲ့ထီးကို ခေါက်လိုက်ပြီး ထိုင်ခုံမှာဝင်ထိုင်ကာ

"ဒီလိုဟေ့ ငါတို့ရက်ကွက်ထဲမှာ နတ်ဆရာမတစ်ယောက်
ရောက်နေတယ်လေ။
ပြီးတော့ သူကအကြားအမြင်ရနေတာတဲ့
အိမ်ထောင်ရေး၊အချစ်ရေး ၊စီးပွားရေး
သူ့ဆီမှာအကုန်မေးလို့ရတယ်သိလား။
လိုအပ်ရင်အဆောင်တွေယတြာတွေပါ လုပ်ပေးသေးတာဟဲ့
အရမ်းစွမ်းတာဘဲဟယ် "

အာပေါင်အားရင်းသန်းသန်နဲ့ ပြောပြနေတဲ့ အမကျိရွမ်းက
နတ်ဆရာမဆိုတဲ့ ပုဂ္ဂိုလ်ကို အရမ်းယုံကြည်နေပုံရသည်။
ရှောင်းကျန့် ကတော့အလို နတ်တွေ၊ဗေဒင်တွေ
သိပ်မယုံတာမို့ ဘာမှဝင်မပြောဘဲ ငြိမ်နေလိုက်သည်။

"နင်ပြောသလောက်ကြီးစွမ်းလို့လားဟယ်
တော်ကြာလူလိမ်တွေဘာတွေဖြစ်နေဉီးမယ် "

"ဘယ်ကသာလူလိမ်ကမှာလဲ စွမ်းတာမှစွမ်းစွမ်းစွမ်းတောင်
မြည်သေး ကျမလက်တွေ့ပါဆို "

"လက်တွေ့ ဟုတ်လား ။ ပြောစမ်းပါဉီး
ဘာတွေများစွမ်းလို့လဲ "

ခေါက်လက်စအထည်တွေကို ခေါက်နေရင်း
ကြီးမေက မျက်ခုံးပင့်ကာမေးသည်။ ရှောင်းကျန့်ကတော့
ဘေးကနေငြိမ်ပြီး နားထောင်နေလိုက်သည်။

"ဟို့နေ့က ကျမယောကျ်ားအိမ်သိပ်မပြန်ဘူးလို့တောင်
ပြောသေးတယ်လေ သိတယ်မလား "

"အေးသိတယ်လေ ။ ဘာလဲ ခုအိမ်လုံးလုံးပြန်မလာတော့ဘူးလား"

"ဘယ်ကသာအိမ်မပြန်ရမှာလဲ အိပ်ကပ်လွန်းလို့ကို
ခက်နေတာဗျို့ အဲ့နတ်ဆရာပေးတဲ့ယတြာကို
လုပ်ပြီးကတည်းက ကျမယောကျ်ားကအိမ်ကနေကို
မခွာတော့တာသိလား ခုတောင်
သူအိပ်နေတုန်းထွက်လာရတာ "

My very bad husband  belong to meWhere stories live. Discover now