25

10.3K 794 73
                                    

unicode version

"ဒေါက်! ဒေါက်! ဒေါက်! "

မနက်ခင်းစောစော တံခါးခေါက်သံ အဆက်မပြတ်ကြောင့်
ရှောင်းကျန့်လန့်နိုးလာခဲ့သည်။ ဒါပေမဲ့လည်း
အိပ်ချင်နေသေးတာမို့ ထမဖွင့်သေးဘဲ
ပေကပ်နေဖို့ဆုံးဖြတ်လိုက်တယ်။

"ကျစ်! "

ရပ်မသွားသေးတဲ့ တံခါးခေါက်သံကြောင့်
ဆံပင်တွေကို စိတ်ရှုပ်သလိုဆွဲဖွလိုက်ပြီး
အိပ်ရာပေါ်ကနေ မထချင်ထချင်ထလိုက်တယ်။
ထို့နောက်တံခါးရှိရာသို့ စူပုတ်ပုတ်မျက်နှာထားဖြင့်
ဘောက်ဆက် ဘောက်ဆက်သွားလိုက်သည်။

"ကျွီ "

တံခါးဖွင့်လိုက်တာနဲ့ သူ့ကိုအနှောက်အယှက်ပေးနေတဲ့
တရားခံကတော့ သွားဖြူဖြူတန်းတွေပေါ်သည်ထိ
ပြုံးပြလာသည်။ ရုတ်တရက်မို့ ရှောင်းကျန့်
ငေးကနဲဖြစ်သွားပြီး ရင်ခုန်နှုန်းလေးအနည်းငယ်
မြန်သွားတာကို သတိထားလိုက်မိတယ်။
ဒါပေမဲ့ ကြည့်နေရင်းမှ ရှောင်းကျန့်ရယ်ချင်သွားတာမို့
မရယ်မိအောင် မနည်းပြန်ထိန်းလိုက်ရတယ်။

သူ့ရှေ့ကတစ်ယောက်က ခေါင်းစွပ်မပါတဲ့ အဖြူရောင်
Hodieကို အောက်က ဘောင်းဘီအမဲနဲ့တွဲဝတ်ထားပြီး
ကတုံးကို ခေါင်းစွပ်အပြာရောင်လေးစွပ်ထားတာမို့ ပုံစံက
ကလေးလိုလိုဘာလိုလို။ ဒါပေမဲ့ နှုတ်ခမ်းမွှေးရေးရေးထ
နေတာမို့ လူကြမ်းကြီး ကလေးယောင်ဆောင်ထားတာနှင့်
တူလေသည်။

"သက်သေရပြီ "

ရှေ့ကအသံကြားမှရှောင်းကျန့်
ကြည့်နေတာကိုရပ်လိုက်ပြီး

"ဘာသက်သေလဲ "

"ခင်များနဲ့ ကျွန်တော်နဲ့လင်မယားဖြစ်ကြောင်း
သက်သေလေ "

"ဟုတ်လို့လား "

မယုံသလို မျက်မှောင်ကျုံ့ရင်း မေးလာတဲ့ ရှောင်းကျန့်က
ညဝတ် အိင်္ကျီ အဖြူအမဲကွက်လေးဝတ်ထားပြီး
ခုမှအိပ်ရာကလူးလဲထလာသည်ထင်
ဆံပင်အုပ်အုပ်ကလေးက ထိပ်မှာ အနည်းကယ်ထောင်နေတယ်။ ကြည်လင်နေတဲ့
အသားအရေလေးနဲ့ ဖောင်းအစ်နေတဲ့ မျက်လုံးလေးပေါ်က
မျက်တောင်စိတ်စိတ်လေးတွေက ပရံနရံသင့်။
နှုတ်ခမ်းအောက်က မှည့်နက်လေးကိုအကြည့်ရောက်မိတဲ့
အခါမှာတော့ ရိပေါ်ရေဆာလာရတယ်။
ဒီကပ်ပါးကောင်လေး သူ့ပါးစပ်ထဲမရောက်တာ
အတော်ကိုကြာနေပြီလေ။

My very bad husband  belong to meWhere stories live. Discover now