35

7.6K 606 162
                                    

unicode version

ယနေ့မနက်ခင်းမှာတော့ အိမ်ရဲ့ လူဆိုးဂျူနီယာ
ဝမ်စောအော်တို့ ငြိမ်ချက်သားကောင်းနေသည်။
ရန်ဖြစ်ပြီး ကျောင်းတစ်ပတ် အနားခံလိုက်ရလို့
လိမ္မာသွားပြီး အသိတရားတွေရသွား
တာလားမသိ အရင်လို ဆူညံပူညံမလုပ်ဘဲ
ဆိုဖာပေါ်မှာသာ စာအုပ်ကိုင်ရင်း မှောက်လိုက်၊လှန်လိုက်နဲ့
ငြိမ်နေသည်။ တစ်ခါတစ်ခါ စာရွတ်သံလိုလို ၊စကားပြောသံလိုလို အသံတိုးတိုးကလည်း ထွက်လာတက်ပြီး တစ်ခါတစ်ခါ စာအုပ်ကြီးကို မျက်နှာပေါ်တင်ကာ ခြေကားယားလက်ကားယားနဲ့ ဘာဖြစ်နေမှန်းမသိ။
ဒါပေမဲ့လည်း ဝမ်စောအော်တို့ စာအုပ်ကိုင်နေသည်
ဆိုကတည်းက ချီးကျူးစရာကိစ္စပင်။

"အချစ် ခင်များသားက ရန်​​ဖြစ်ပြီး လိမ္မာလာပြီ
ထင်တယ် မနက်ကတည်းက စာအုပ်နဲ့မျက်နှာနဲ့မခွာဘူး "

"အင်း အကြောင့် ကလေးကိုသွားစမနေနဲ့
သူစိတ်ကြည်တုန်း စာကျက်ပါစေ "

ထူးထူးဆန်းဆန်း မနက်ကတည်းက စာအုပ်နဲ့မျက်နှာနဲ့
မခွာတဲ့ စောအော်ကြောင့် ရိပေါ်လိမ္မာလာပြီဟု
ချီးကျူးလိုက်သည်။ ဒါကြောင့်မို့ သူအနှောက်အယှက်
မဖြစ်အာင် ဟင်းချက်နေတဲ့ ရှောင်းကျန့်ကိုသာ
နောက်ကနေသွားဖက်ရင်း ကလိနေလိုက်သည်။
ဆိုင်ကယ်ပြင်ဆိုင်က ၅နှစ်အတွင်း တော်တော် အဆင်ပြေလာတာမို့ ဆိုင်ခန်းလေးလည်း ထပ်တိုးချဲ့လိုက်ပြီး အကူကောင်လေးတစ်ယောက် ဌားထားသည်မို့ အရင်လိုစောစောမသွားလဲဖြစ်သည်။

"အင်းပါ အချစ်ရဲ့ မောင်မစပါဘူး
ဒါနဲ့ ခင်များသားလိမ္မာနေတုန်း မနက်ခင်းစောစောလေး
မောင်နဲ့ မချစ်ချင်ဘူးလားဟင် "

ကျီဆယ်သလို နားရွက်ဖျားလေးကို နှာခေါင်းနဲ့လာပွတ်လိုက်၊
နှုတ်ခမ်းလေးနဲ့ တပြွတ်ပြွတ်နမ်းလိုက် လုပ်နေတဲ့မောင်ကြောင့် ရှောင်းကျန့် ဟင်းအကောင်းချက်လို့
မရပါ။

"မောင်နော် ဒီမှာဟင်းချက်ရဉီးမှာကို ပြီးတော့
မောင်လည်း ဆိုင်သွားရဉီးမယ် မရဘူး ညမှ "

"အချစ်ကကွာ "

နောက်ကနေ ခါးကိုဖက်ရင်း ချွဲသလိုပြောလာတဲ့ မောင့်အသံက ရစ်မူးပြီးပျော်ဝင်ပြီး နာခံချင်စရာ
ကောင်းလိုက်တာနော်။ ဒါပေမဲ့ ဒီနေ့သားလည်း
အိမ်မှာရှိသလို ဟင်းလည်းချက်ရဉီးမှာမို့ ပျော်ဝင်လို့မဖြစ်။
နောက်ပြီး မနက်ပိုင်းကျွေးလိုက်လို့ ဗိုက်တင်းပြီး
ညစာရှောင်တဲ့အထဲ အမောင်ဝမ်ရိပေါ်တို့ မပါပါ။ ဒါ့ကြောင့်
ကိုယ့်အန္တရာယ်ကိုယ်ထိန်းမှရမည်။

My very bad husband  belong to meWhere stories live. Discover now