22

9.3K 730 154
                                    

Unicode Version

ကားလေးတစ်စီးက ခပ်ဖြည်းဖြည်းလေး
မောင်းနှင်လာနေတယ်။ နောက်မှာတရိပ်ရိပ်ကျန်ခဲ့တဲ့
လူတွေ၊အိမ်တွေကလည်း ခနလေးနဲ့ပျောက်သွားပြီး
မြင်ကွင်းသစ်တွေထပ်တိုးလာတယ်။

ကားထဲတွင်ပျံ့လွင့်လာတဲ့ သီချင်းသံလေးနဲ့အတူ
ထိုသီချင်းကို အသံထွက်ရုံမျှ ခပ်တိုးတိုးလေး
လိုက်ဆိုနေသော ကောင်လေး တစ်ယောက်လည်း ထိုကားထဲတွင်ပါလာသည်။

ကားမှန်ချထားတာမို့ လေလေးတဖြူးဖြူးက
ဖြတ်ပြေးသွားပြီး ဆံပင်လေးတွေမျက်နှာပေါ်
ဟိုလွှင့်ဒီလွှင့်။

"ကျွီ! "

ရုတ်တရပ် ထိုးရပ်သွားတဲ့ကားလေးကြောင့်
ရှောင်းကျန့်ကိုယ်လေးတောင် ရှေ့ကို
နည်းနည်းယိုင်သွားတယ်။

"ဟေ့ကောင်တွေ မင်းတို့သေချင်လို့လားဟမ်း။
အေး မင်းတို့သေချင်လည်းတစ်ခြားနေရာသွားသေကြ
ငါ့ကားရှေ့တော့ လာမသေကြနဲ့ "

ဒေါသကြီးတဲ့ပါးကတော့ ထုံစံအတိုင်းဒေါသထွက်နေတယ်
ထင်သည်။ ဘေးက မား တားတာတောင် မရဘူးလေ။

ရှောင်းကျန့်ကားရှေ့ကို အကြည့်ပို့လိုက်တော့
ကောင်လေးတွေ လမ်းမပေါ်မှာ
ဘောလုံးကန်နေကြသည်။
ကောင်လေးတွေသာပြောတာ ခန္ဓာကိုယ်တွေကတော့
ထွားထွားကြီးတွေ။သူကအရပ်ရှည်ပေမဲ့
လူကပိန်တော့ အသက် 26နှစ်ဆိုတာကြိမ်ပြောရင်တောင်
ယုံကြတာမဟုတ်။

"ဒီမှာ ဘိုးတော် ခင်များကလူကိုကားနဲ့လည်းဝင်တိုက်မလို
ဖြစ်သေး မတောင်းပန်မဲ့အပြင်
ပြောပုံကအကြောကြီးနဲ့ပါလား "

တစ်စက္ကန့်။

နှစ်စက္ကန့်။

သုံးစက္ကန့်။

ထွက်လာတဲ့သြရှရှအသံလေးနဲ့အတူ
လဲနေရာကထလာတဲကောင်လေးကြောင့် ရှောင်းကျန့်
ရင်ခုန်နှုန်းတွေ သုံးစက္ကန့်လောက် ပျက်ပြားသွားရတယ်။

တစ်ခေါင်းလုံး ဆံပင်အစိမ်းရောင် ဆိုးထားပြီး
ဂုတ်နောက်မှာ ရှည်ထွက်နေတဲ့ ဆံပင်တွေနဲ့ ကောင်လေးက
ဂျစ်ကန်ကန်ကြည့်နေတယ် ။ သူ့ကိုကြည့်နေတာ မဟုတ်ပေမဲ့
ဘာလို့ သူ့နှလုံးသားတွေက တဒိန်းဒိန်းခုန်နေရတာလဲ။
မျက်လုံးတွေကလည်း စူးရဲလိုက်တာ နားမှာဆွဲထားတဲ့
နားကပ်တစ်ဖက် ထက်ကို ပိုစူးရဲပြီး လင်းလက်နေသေး။

My very bad husband  belong to meWhere stories live. Discover now