နိဒါန်း

9K 431 5
                                    

" ဂျွန်ရေ...ဂျွန်...! "

အိပ်ခန်းအပြင်ဘက်မှ အဆက်မပြတ်တံခါး
ခေါက်သံကြောင့်လန့်ဖျန့်ကာ အိပ်ရာပေါ်မှ
အတင်းထပြီး အခန်းတံခါးသွားဖွင့်လိုက်တော့
အလိုမကျသည့်မျက်နှာအနေအထားနဲ့ အမျိုးသား
တစ်ဦးကို တွေ့လိုက်ရသည်။

" ဘယ်ချိန်ထိအိပ်နေမှာလဲ ကျောင်းမသွား
တော့ဘူးလား..."

အလျင်လိုနေပုံပေါ်သော အမျိုးသားသည်
အသက်သုံးဆယ်ဝန်းကျင်ခန့်ရှိသောလူလတ်ပိုင်း
အမျိုးသား ပတ်ခ်ဂျီမင်းပင်ဖြစ်သည်။
ရှပ်အက်ျီအဖြူကိုကြယ်သီးနှစ်လုံးခန့်ဖြုတ်ကာ
အက်ျီလက်တွေကိုလဲ တံတောင်ဆစ်အထိ
ခေါက်ထားသည်။
သေသပ်လွန်းစွာဝတ်စားဆင်ယင်ထားပုံသည်
အလုပ်သွားရမည်မို့သာဖြစ်သည်။
နူးညံ့လွန်းသည့်မျက်နှာဖွဲ့စည်းပုံဟာ
မျက်နှာဟန်ပန်ကာတခြားစီပါပဲ။

" ကျွန်တော်ညက စာလုပ်တာညဥ့်နက်သွားလို့ပါအကို.."

မျက်လုံးဝိုင်းဝိုင်းတွေထိဆံစအနက်ရောင်တွေက
ထိုးကျနေသည်မို့ ဆံစတွေနဲ့ဒီမျက်နှာဟာ
အမြဲတန်းမသေသပ် ရှုပ်ရှပ်ခပ်လျက်။

" ကျောင်းသွားဖို့ပြင်ဆင်တော့..မြန်မြန်လုပ်နော်
ငါအချိန်သိပ်ရတာမဟုတ်ဘူး..."

ဒီလေသံဒီမျက်နှာအနေအထားဟာ နေသားကျနေပြီမို့
အထူးအဆန်းတော့မဟုတ် ရေချိုးခန်းထဲပြေးဝင်ကာ
အမြန်ဆုံးနှုန်းနဲ့ပြင်ဆင်ရတော့သည်။

အမြဲတမ်းအေးတိအေးစက်နဲ့ နှေးတိနှေးကွေး
ဒီကောင်လေးသည် ဆေးကျောင်းတတ်နေသည့်
ဆရာဝန်လောင်းလေး ဂျွန်ဂျောင်ဂုပင်ဖြစ်သည်။
မိုးလင်းလာရင် ထိုကဲ့သို့ပူညံပူညံဖြင့် အကိုဟာ
ဘယ်တော့မှ ဂျွန့်ကိုစိတ်တွေမရှည်နိုင်ခဲ့။

ဂျွန်ဟာအကို့အိမ်ပေါ်ရောက်ရှိလာခဲ့တာ နှစ်နှစ်နီးပါး
ခန့်သာရှိသေးသည်၊ထိုနှစ်နှစ်အတွင်းမှာလဲ
အကို့စိတ်တိုင်းကျ အကို့ပုံစံခွက်ထဲ အံဝင်ဂွင်ကျ
အကို့စိတ်တိုင်းကျဖြစ်အောင်နေထိုင်ခဲ့တာလဲ
ထိုနှစ်နှစ်လုံးနီးပါးပဲ။

" နေ့တိုင်းကို နှိုးနေရတော့တာပဲ ကလေးလဲမဟုတ်
ဘယ်တော့မှကိုဝိရိယမရှိဘူး..."

ဂျွန်ငယ် Where stories live. Discover now