ဂျွန်ငယ်(၃၅)

4.2K 325 52
                                    

" စကိုင်း.. ငါ...အခု..."

" Congratulations ပါဂျီမင်...
မင်းတို့ဖိတ်စာကိုငါရပြီးပြီ...ဘယ်လိုလုပ်ဒီလိုတွေ
ဖြစ်သွားကြလဲဆိုတာတော့ ငါမမေးတော့ပါဘူး...
မင်းတို့နှစ်ယောက်လုံးက သိပ်ချစ်နေကြတာကို..."

" စကိုင်း မဟုတ်ဘူး...ဒီ လက်ထပ်ပွဲက
သူ့ဟာသူတစ်ယောက်ထဲစီစဥ်ထားတဲ့..! "

" လက်ထပ်ပွဲကမနက်ဖြန်ဆိုတော့
မင်းစိတ်လှုပ်ရှားနေတာငါနားလည်ပါတယ်...
ဂျီမင် ငါမင်းကိုပြောစရာတွေအများကြီးရှိနေတယ်
ဘယ်တော့မှထုတ်မပြောဖို့စဥ်းစားခဲ့ပေမယ့်..."

စကားတွေအငမ်းမရပြောနေမိသော
ဂျီမင်တစ်ယောက်ငြိမ်သက်သွားရတော့သည် ။
ဘာစကားတွေလဲဆိုတာ စိတ်ဝင်စားနေသည်။
တဆက်ထဲမှာပဲထပ်မံ၍ ရင်တွေတုန်လာသည်။နှစ်ရှည်လများFriendshipတစ်ခုကို
ဂျီမင်မဆုံးရှုံးချင်ပါ။
စကိုင်းကဂျီမင်ရဲ့အရင်းနှီးရဆုံးလေ။

" လွန်ခဲ့တဲ့ ရှစ်နှစ်က စကိုင်းနဲ့ဟယ်ဝန်းကို
မင်းအထင်မှားအောင် လုပ်ကြံဇာတ်တွေခင်းခဲ့တာ
ငါပါ ဂျောင်ဂုကိုအဝေးကိုပို့ပြီး မင်းနဲ့....
မင်းနဲ့ဘယ်ရီ့ကိုနီးစပ်စေချင်ခဲ့တာ....
ငါအများကြီးမှားသွားခဲ့တယ်...."

ဖုန်းကိုကိုင်ထားသည့်လက်လေးတွေ
တုန်ယင်သွားတော့သည်။
မျက်နှာသေကြီးဖြင့်မျက်ရည်တွေစီးဆင်းသွားသည်။
မျက်စိရှေ့မှာသာရှိရင် ပါးတစ်ဖက်ကို
ခပ်ပြင်းပြင်းလေးရိုက်ချမိမှာပေမယ့် မသိစ်ိတ်မှာ
စကိုင်းစကားတွေကို မယုံကြည်နိုင်သေး။
ဒါဟာ နှစ်ရှည်လများတည်ဆောက်ခဲ့ကြတဲ့
Friendship တစ်ခုအပေါ်မှာ ဂျီမင်ဟာ
ဘလူးစက်ိုင်းကိုအကြွင်းမဲ့ယုံကြည်ထားခဲ့တာ။

" ဘာတွေပြောနေတာလဲစကိုင်းရဲ့..ဘာလဲ
မင်းကို ဂျွန်ဂျောင်ဂုကအနိုင့်ကျင့်လို့လား
ဒီလိုမဟုတ်တာတွေအထိ​ပြောစရာမလိုပါဘူး..."

" ငါမင်းအပေါ် အမှားတွေလုပ်မိခဲ့တယ်ဂျီမင်...."

နားရှိလို့သာကြားလိုက်ရတာလေ၊ဒါက
ဘယ်လိုမဟုတ်သုတ်ခလဲ၊ ရှစ်နှစ်ကျော်ထိ
ဒီအကြောင်းအရင်းကိုလက်ညှိုးထိုးပြီး
ဂျွန့်ကိုအကိုဘယ်လောက်တောင်မှ မုန်းနေခဲ့သလဲ။

ဂျွန်ငယ် Where stories live. Discover now