အချိန်သည် ညနေ 5နာရီ။
ဂျီမင်ပိုင်သည့် ကာစီနိုမှမန်နေဂျာဖြစ်သူရဲ့
ဖုန်းဆက်တိုင်ကြားမှုကြောင့် ချက်ချင်းလက်ငင်းပင်
ရောက်ချလာခဲ့ရသည်။
ဒေါသထွက်ချင်စရာပါပဲ ၊ ဘယ်လိုကောင်မျိုးမို့
ဒီနေရာထိလာပြီးသောင်းကျန်းရဲရသလဲတွေးကာ
လူသည်ကားပေါ်မှာကတည်းက စိတ်တွေတိုတာ
ပြာကျတော့မည်။" မင်းတို့ သူဠေးကိုခုချက်ချင်းခေါ်ပေးကြစမ်း...!! "
ပစ္စည်းတွေကိုဖျက်စီးရိုက်ခွဲချကာ Securityတွေနဲ့
ဆွဲလားရမ်းလားဖြစ်နေကြသည့် မြင်ကွင်းကြောင့်
ဂျီမင်ခြေလှမ်းတွေသည် ထိုသောင်းကျန်းသူတွေအနား
လျင်မြန်စွာရောက်ချသွားတော့သည်။" ကျွန်တော်ပါ ဒီကာစီနိုရဲ့သူဠေးက ... "
" သူဠေး..."
ဆိုင်ဝန်ထမ်းတွေသည် ဂျီမင်ကိုမြင်သည်နဲ့
အပြေးအလွှားပင်ဂျီမင်နားတိုးကပ်လာကြသည်။
ဂျီမင်ကတော့ ထိုလူအုပ်စုနားတိုးကပ်ရပ်ကာ
တည်ငြိမ်စွာဖြင့်ပါပဲမျက်နှာချင်းဆိုင်လိုက်သည်။" တွေ့ပြီ...မင်းကို..."
" အေးဆေးပဲစကားပြောရအောင်လား...
ဒီလိုတွေ ဆူဆူညံညံလုပ်နေတာက ဘေးက
ဧည့်သည်တွေကိုလဲ အဆင်မပြေဘူးလေ...
မကျေနပ်တာရှိရင် ကျွန်တော့်ကို
တိုက်ရိုက်ပြောလို့ရပါတယ်
ဧည့်သည်ဘာများအဆင်မပြေတာရှိလို့လဲခင်ဗျ..."" သေချာကြည့်တော့ ဒီနေ့ ပိုလှနေတယ်..."
ထိုလူရမ်းကားတွေက ရိသဲ့သဲ့တွေပြောကာ
ရယ်နေကြပုံကရွံစရာအတိ။
ဘေးတွင်ဝန်ထမ်းတွေနဲ့ ဧည့်သည်တွေလဲရှိနေတာမို့
ဘာပဲဖြစ်ဖြစ် သည်းခံရမယ်ဟုစိတ်နှလုံးသွင်းကာ
အံကြိတ်၍သာပြုံးပြလိုက်သည်။" ဧည့်သည် ဖျက်စီးပစ်လိုက်တဲ့ ကျွန်တော့်ရဲ့
ပစ္စည်းတန်ဖိုးတွေကအရမ်းကိုများပါတယ်နော်..
အဲ့ဒီတော့...."" ဂျွန်ဂျောင်ဂု ဘယ်မှာလဲ..."
စကားဆက်ပြောရန်အရှိန်ယူနေသည့် ပန်းဆီရောင်
နှုတ်ခမ်းတွေသည်ရပ်တန့်ကုန်သည်။
မျက်လုံးတွေကလဲမငြိမ်မသက်စွာဖြင့်
ထိုလူတွေကိုသေချာကြည့်မိမှ ပြန်လည်မှတ်မိလာတာက
ဂျွန် နဲ့စတွေ့သည့်နေ့က ဂျွန့်ကိုအုပ်စုလိုက်ကြီး
ဝိုင်းဖွဲ့အနိုင့်ကျင့်ထိုးကြိတ်နေကြသည့် လူရမ်းကားတွေပင်ဖြစ်သည်။