ခမ်းခမ်းနားနားထည်ထည်ဝါဝါ
ပြင်ဆင်ခြင်းမျိုးတွေမဟုတ်ပါဘဲ၊
ဒီမဂ်လာပွဲက သာမာန်ပါပဲ။ဧည့်သည်တွေအများကြီးဖိတ်ကြားထားခြင်း
မရှိဘဲရင်းနှီးရတဲ့လူနည်းစုလေးနဲ့ပဲကျင်းပခဲ့သည့်
ဒီမဂ်လာပွဲလေးသည်ငြိမ့်ငြိမ့်ညောင်းညောင်းရယ်။မိတ်ကပ်နဲ့အဝတ်အစားတွေပြင်ဆင်နေသည့်
အကို့ အခန်းနားမှာဆရာဝန်ကြီးကရှေ့လျှောက်၊
နောက်လျှောက်လုပ်ရင်းဂဏာတွေမငြိမ်။" သတို့သား အထဲမဝင်ဘဲဒီမှာဘာလုပ်..."
" ဝင်လို့ရတယ်လား..."
" အင်း ရပါတယ်..."
တံခါးဖွင့်ပေးသည့်ထိုအမျိုးသမီးအားပြုံးပြရင်း
အကိုရှိရှာထိုအခန်းထဲဝင်လာခဲ့သည်။
စိတ်တွေလှုပ်ရှားလိုက်တာလည်းပြောမနေပါနဲ့တော့၊ မျက်လုံးဝိုင်းဝိုင်းလေးတွေဟာအခန်းထဲရောက်သည်နဲ့အထူးတလည်ရှာစရာမလို။
ပြင်ဆင်ပေးနေကြသည့်လူတွေကြားထဲ
ဂျွန့်အကိုသေးသေးလေးကထင်းနေသည်။" သတို့သားရောက်လာတယ်ဟေ့...!! "
လူတစ်ယောက်ရဲ့အသံကြောင့်အလုပ်ရှုပ်နေသူရဲ့
အာရုံတွေသည်ဂျွန့်ထံကိုစုပြုံရောက်လာခဲ့သည်။
အကို့ကတော့ ပြုံးရိပ်တွေသန်းလျက်။" ဂျွန့် လာလေ..."
အကိုကလှမ်းခေါ်မှသာအကို့နားကိုရုပ်တည်ကြီးနဲ့
ရောက်သွားခဲ့သည်။
အကိုဟာဘယ်လိုအခြေအနေမှာမဆို
ဂျွန့်ကိုရင်တွေခုန်လာအောင်ဆွဲဆောင်နေသည့်
တစ်ဦးတည်းသော။အကို့မျက်နှာလှလှလေးတွေ
မျက်တောင်မခတ်ကြည့်နေရင်း။
အနည်းငယ်ဆေးဆိုးပန်းရိုက်လုပ်ထားသည့်
နှုတ်ခမ်းဖူးဖူးတွေကတော့ ပြိုင်စံရှားပဲ။
အကို့အား အသက်မရှုတမ်းငေးနေတုန်း
ရုတ်တရက်ကြီး အကို့ရယ်သံကြောင့်ဂျွန်ပင်
ကြောင်အသွားရသည်။" ဘာလို့လဲ ကျွန်တော့်ပုံစံအဆင်မပြေဘူးလား..."
မှန်ရှေ့တွင်လည်းသူ့ကိုသူရပ်ကြည့်နေသော
ဂျွန့်ကိုကြည့်ရင်း အကိုရယ်နေတာကမရပ်တန့်သွား။ဘယ့်နှယ်ဗျာ ၊ သတို့သားကို ဆံပင်အလယ်ခွဲလေးနဲ့
ပြင်ဆင်ပေးထားပုံက ရက်ကွပ်ထဲက
လူပျိုပေါက်စလေးတွေလို။
အကိုထင်ထားသည်နဲ့အကုန်လွဲပါသည်။
ခန့်ခန့်ညားညားယောက်ျားတစ်ယောက်အနေနဲ့
မခံစားနေရပါဘဲ ကလေးကိုမုန့်ပေးပြီး
လက်ထပ်နေရသည့်လူတစ်ယောက်လိုပင်
ကိုယ့်ကိုယ်ကိုခံစားလာရသည်မို့ထရယ်မိတော့တာ။