" အကို..."
အိပ်ရာကနိုးနိုးချင်းမျက်လုံးတွေပွင့်သည်နဲ့
ပထမဆုံးသတိရမိသူဟာ အကိုပဲ။
လက်ကနာရီကိုခပ်မြန်မြန်လေး
မြှောက်ကြည့်လိုက်ကာ
အိပ်ရာကအသည်းအသန်ထပြီး အောက်ထပ်ဆီကို
လှေကားတွေကနေဆင်းလာခဲ့တာသည်
အသည်းအသန်။" ငါပြန်ရောက်တာနဲ့...ရွာကိုသွားဖို့
ယန်းကစီစဥ်ပေးပါဦး..."" ကောင်းပါပြီ.."
မနက်စာဝိုင်းတွင်မနက်စာအတူစားနေကြသော
ယန်းနဲ့အကို့ကို မြင်မှသက်ပြင်းတွေကိုချရင်း
ခြေလှမ်းတွေကိုလဲ အရှိန်လျှော့ကာအခုမှ
စိတ်အေးသွားရသလို။" အကို..."
" နိုးလာပြီလား..."
" အကိုသွားပြီထင်နေတာ..."
" အချိန်က လိုသေးတယ်လေ...ဘာလို့လဲ
ပြောစရာရှိလို့လား...."" ဟင့်အင်း...နှုတ်မဆက်ပဲထွက်သွားမှာစိုးလို့..."
မနက်စာဝိုင်းလေးတွင် အကို့နားခုံလေးအား
ဆွဲကပ်ယူထိုင်လိုက်ပြီးဂျွန်က နေရခက်အောင်
ထိုင်ကြည့်နေပြန်သည်။" ဟို...ငါမရှိတုန်းယန်းစကားကို နားထောင်နော်
ထမင်းကိုလဲအချိန်မှန်စားပြီး အိပ်ချိန်ကိုလဲ
ဂရုစိုက် လိမ်လိမ်မာမာလဲနေ...."" အကိုလဲ အစစအရာရာဂရုစိုက်ပါ...
ပြီးရင်...ကျွန်တော့်ဆီလဲဖုန်းဆက်ပါ..."" ဖုန်းဆက်ဖို့မအားဘူး..."
" ဒါဆို ကျွန်တော်ဆက်မယ်..."
ဂျီမင်နဲ့ဂျွန့်ကိုကြည့်ပြီး ယန်းကကော်ဖီလေး
သောက်ရင်းပြုံးသည်။
ဂျွန်အိမ်ကိုရောက်လာကတည်းက အိမ်ရဲ့
ဆည်းလည်းလေးလိုတတွတ်တွတ်နဲ့
ယန်းရောဂျီမင်ရောမပျင်းရ။" ယန်းလဲ ကျန်းမာရေးကိုဂရုစိုက်...
ဟိုမှာကအခြေအနေဘယ်လိုရှိမလဲ မသိတော့
အချိန်ကလဲ အတိအကျပြောမရဘူး...
အားတဲ့ချိန်တော့ ဖုန်းဆက်လိုက်မယ်လေ...."" ဂျီမင်လဲ ဂရုစိုက်ပါ..."
" အကိုလဲ မြန်မြန်ပြန်လာခဲ့ပါ....
ကျွန်တော်မျှော်နေမှာမို့..."