ဂျွန်ငယ်(၁၄)

2.3K 260 14
                                    

ယန်းသည်ခရီးကပြန်ရောက်သည်နဲ့ ရွာက
ပါလာသည့်ပစ္စည်းတွေနဲ့အထုပ်အပိုးတွေကို
နေရာချလိုက်ပြီး အချိန်ကို
တစ်ချက်လှမ်းကြည့်မိလိုက်သည်။
အိမ်ထဲကအခြေအနေကလဲတိတ်ဆိတ်ပြီး
ဂျွန်ရောဂျီမင်ရောရဲ့အရိပ်အယောင်တွေ
မတွေ့ရသည်မိုခြံထဲကို ပြန်ထွက်လာကြည့်မိသည်။

ခြံထဲတွင် ဂျီမင်ကားလဲရှိနေသေးသည်မို့
အလုပ်မသွားလောက်သေး၊ ရုံးချိန်နီးနေပြီကို
အိပ်ပျော်နေတုန့်းလားတွေးရင်းအပေါ်ထပ်မှ
ဂျီမင်အခန်းကို အရောက်တွင်တံခါးကို
ခေါက်လိုက်သည်။

ဒေါက် ! ဒေါက်! ဒေါက်!

တော်ရုံဆိုအအိပ်ဆက်လွန်းသော်လည်း
ဒီနေ့တွင်တော့တံခါးခေါက်ပြီး
အတော်ကြာအောင်ရပ်နေလဲ
တံခါးလာမဖွင့်သည်မို့ ထပ်မံ၍တံခါးကို
ခေါက်လိုက်ရသည်။

ဒေါက်!ဒေါက်!ဒေါက်

ထပ်မံ၍တံခါးခေါက်လဲ ဘာသံမှမကြား၊
တိတ်ဆိတ်လွန်းနေတာကြောင့်အခန်းတံခါးရဲ့
လက်ကိုင်ဆီကိုကိုင်လိုက်မိတော့
ပွင့်သွားသောတံခါးသည်လော့ခ်မချထားတာကြောင့်ဖြစ်သည်။

" ဂျီ...မင်.."

အခန်းထဲက အိပ်ရာထဲတွင်လဲရှိမနေသော
ဂျီမင်ကြောင့်ရေချိုးခန်း၊အိမ်သာတွေထိ
လိုက်ရှာကြည့်မိသည်။
ဘယ်မှာမှလဲရှာမတွေ့သည်မို့ ညကများ
အလုပ်ကပြန်မလာတာလား 'ဟု
တွေးကြည့်မိလည်း
ဂျီမင်ကားကခြံထဲတွင်ရှိနေသည်။
တစ်ယောက်ထဲစဥ်းစားနေရင်းမှ မျက်နှာချင်းဆိုင်က
ဂျွန့်အခန်းဘက်ကိုရောက်လာကာ
တံခါးခေါက်လိုက်ရသည်။

ဒေါက်!ဒေါက်!ဒေါက်!

ခဏမျှရပ်စောင့်ပြီးနောက်တွင်
တံခါးလာဖွင့်သူကိုကြည့်လိုက်မိတော့
ဂျွန်ဟုတ်မနေပါဘဲ၊ အိပ်ချင်မူးတူး နဲ့
ဂျီမင်ကိုတွေ့လိုက်ရတာမို့ ယန်းမျက်လုံးတွေသည်
နားမလည်နိုင်စွာဖြင့်ပြူးကျယ်ကုန်တော့သည်။

" ဂျီမင်...ဘယ်လိုလုပ်...ဒီအခန်း..ထဲ "

အံ့သြပြီးမျက်လုံးတွေပြူးကျယ်ကုန် သူက
ယန်းတစ်ယောက်ထဲမဟုတ်ပါဘဲ၊
ယန်းကိုမြင်လိုက်ရသော ဂျီမင်ပါ
အပါအဝင်ဖြစ်သည်။
အိပ်ချင်မူးတူးမျက်လုံးလေးတွေပင်
ချက်ချင်း ဝိုင်းစက်ကာ နှုတ်ခမ်းတစ်စုံသည်လည်း
တစ်စုံတစ်ခုကိုပြောပြရန် အရှိန်ယူနေသလို။

ဂျွန်ငယ် Where stories live. Discover now