ဂျွန်ငယ် (၃)

2.9K 295 10
                                    

ဒီနေ့တွင်တော့ ဂျွန့်အတွက်လိုအပ်သည့်
အသုံးအဆောင်နဲ့အဝတ်အစားတွေကို ဒရိုင်ဘာကင်
နဲ့အတူဂျွန်ကသွားရောက်ဝယ်ယူခဲ့သည်။

အကိုကတော့ အလုပ်ကိစ္စတွေနဲ့မအားမလပ်မို့
မနက်က အလုပ်ကိုပင်အချိန်အစောကြီး
ထသွားပုံပေါ်သည်။
ဒါကြောင့်ပဲ ဒရိုင်ဘာကင်နဲ့လိုအပ်သည်များကို
သွားရောက်ဝယ်ယူပြီးနောက် ပြန်လာခဲ့ချိန်က
ညနေပိုင်းလောက်ရောက်နေပြီဖြစ်သည်။

ခြံထဲက အလုပ်သမားများစွာသည်
ဂျွန်ကိုမြင်သည်နဲ့
အုပ်စုဖွဲ့ကာတီးတိုးပြောဆိုနေကြပုံက
အတင်းအဖျင်းတွေသာဖြစ်ဖို့များသည်။

ဂျွန်ကသူ့ရဲ့အကျင့်အတိုင်း မည်သူကိုမျှ
မျက်လုံးချင်းစုံလေ့မရှိ၊ အကြည့်တွေလွှဲကာ
မျက်လွှာချကာမသိချင်ယောင်ဆောင်နေခဲ့သည်။

" ယန်း...ကျွန်တော်ပြန်ရောက်ပါပြီ..."

" ဝယ်လို့ရော အဆင်ပြေခဲ့ရဲ့လား..."

" ဟုတ်ကဲ့..."

ဝယ်လာသည့်ပစ္စည်းတွေကို ဧည့်ခန်းမှစားပွဲပေါ်
တင်ကာ ယန်းက ဟိုဟိုဒီဒီကြည့်ရှုသည်။

" ဂျောင်ဂုက အနက်ရောင်ကြိုက်တဲ့ပုံပဲ..."

" အနက်ရောင်က အပေအတေခံတယ်လေ.. "

" အပေအတေခံရအောင် ဘာတွေများ
လုပ်မှာမို့လို့လဲ... "

" အရင်ကတည်းက ကျွန်တော်က..."

"ဟော ဂျီမင်တောင် ပြန်လာပြီ..."

ယန်းရဲ့စကားကြောင့် အိမ်အဝင်ဝဆီသို့
ဂျွန့်အကြည့်တွေရောက်သွားတော့သည်။
suite ကိုဝတ်ဆင်ထားသည့်အကိုသည်
ခန့်ညားလွန်းလှသည်မို့ မရဲတရဲ
မျက်လုံးလေးတွေက ခိုးကြည့်နေမိသေးသည်။

" ပစ္စည်းတွေဝယ်လာပြီလား..."

" ဟုတ်ကဲ့ အကို..."

လက်ဆွဲအိတ်ကိုစားပွဲပေါ်တင်ကာ အကိုက
ဝယ်ယူလာသည့်ပစ္စည်းတွေကို
ထုတ်ယူကြည့်သည်။

" ဘာလို့အနက်ရောင်တွေကြီးပဲလဲ.. ? "

" အနက်ရောင်က အပေအတေခံတာကြောင့်
ကြိုက်လို့တဲ့ ဂျီမင်ရဲ့..."

ဂျွန်ငယ် Where stories live. Discover now