ဂျွန်ငယ် (၁၉)

2.3K 253 23
                                    

အချိန်သည် ညဆယ်တစ်နာရီ။

Partyကအလောတကြီး ပြန်လာခဲ့သော
ကားလေးထဲတွင် အလိုမကျဟန်ဖြင့်
မျက်နှာတည်ကြီးနဲ့ထိုင်နေသူ ဂျီမင်နားတွင်
ယန်းလဲရှိနေသည်။

" ဘာလို့ တစ်ယောက်ထဲပြန်သွားရတာလဲ...
တကယ်ပဲ...စိတ်တွေပူရအောင်အမျိုးမျိုးလုပ်တယ်
တစ်နေ့တစ်မျိုးမရိုးရဘူး..."

" ပြန်ချင်နေပြီလို့တော့ပြောတယ်...သူလဲ
ပျင်းနေပြီမို့ထင်တယ်..."

" ဒါဆိုလဲ ငါ့ကိုလာပြောပေါ့...ဘယ်လိုလုပ်
သူများနဲ့...ဒီအချိန်ကြီး..."

ပြောရင်းနဲ့ မျက်စိပျက်မျက်နှာပျက်ဖြစ်လာသည့်
ဂျီမင်ရဲ့မျက်နှာအနေအထားကို ယန်းနဲ့အတူ
ဒရိုင်ဘာကြီးသည်လည်းသတိထားမိသည်။
ဒီလိုပုံစံလေးကိုမြင်လိုက်ရတော့
ဆေးကျောင်းသားကိုပင်
ဒရိုင်ဘာကြီးကသတိရနေသေးသည်။
ရှိရှိသမျှတွေးဖူးသမျှလူတွေထဲ ဒီဒေါသအိုးလေးကို
ငြိမ်ဆေးပေးနိုင်သူက ဆေးကျောင်းသားတစ်ယောက်သာတွေ့ဖူးမြင်ဖူးသေးသည်။

သို့သော် ဆေးကျောင်းသားကနောက်မှ၊
လက်ရှိတွင် ဂျီမင်ရဲ့စိတ်မကြည်မှုတွေ
ဒရိုင်ဘာကြီးထံရောက်လာမည်လည်း
စိုးရသေးတာကြောင့်မှန်မှန်နဲ့မြန်မြန်လေး
မောင်းရင်းပင် မကြာခင်တွင် အိမ်သို့
ရောက်လာခဲ့သည်။

အပေါ်ထပ်ကိုတက်ရင်း အပေါ်ထပ်ကုတ်ကိုချွတ်ပြီး
လက်တွင်ကိုင်ထားရင်းပင် အဖြူရောင်ရှပ်
တစ်ထည်ထဲနဲ့ ဂျီမင်က သိပ်လောနေပြန်သည်။
ဒါကြောင့်လဲ ဂျွန့်အခန်းဆီရောက်သည်နဲ့
တံခါးတောင်မခေါက်နိုင်၊ လော့ခ်မချထားသော
တံခါးကိုဆွဲဖွင့်ကာဝင်လာခဲ့သည်။

" ဂျွန်! "

ရေချိုးခန်းထဲမှ ထွက်လာသူသည်ရဲ့
Bathrobe ကို
ဝတ်ထားသောနောက်ကျောကိုမြင်လိုက်ရသည်။

" ဘာလို့ငါ့ကိုမပြောဘဲ ပြန်သွားရတာလဲ.."

" ယန်းကိုပြောခဲ့တယ်လေ..."

" ငါမေးတာရှင်းရှင်းလေး...ငါ့ကိုဘာလို့
ကိုယ်တိုင်လာမပြောသွားရတာလဲလို့..."

စကားတွေခွန်းတုန့်မပြန်တော့ပါဘဲ၊ အက်ျပွပွ
အနက်ရောင်တစ်ထည်နဲ့ပေါ့ပေါ့ပါးပါး
ဘောင်းဘီရှည်တစ်ထည်ကို ခပ်တည်တည်ပါပဲ
ထုတ်ယူဝတ်လိုက်သည်။

ဂျွန်ငယ် Where stories live. Discover now