အချိန်သည်တော်တော်နောက်ကျမှသာ
အလုပ်ကနေအိမ်ကိုပြန်လာခဲ့သည်။
ကားမောင်းနေရင်းမှလမ်းတစ်လျှောက်လုံးလည်း
တောင်တွေးမြောက်တွေဖြင့် စိတ်တွေသည်
မငြိမ်သက်နေ။ခေါင်းတွေကို တရစပ်ခါယမ်းလိုက်ကာ
ကားကိုလမ်းဘေးတစ်နေရာတွင် ချရပ်လိုက်သည်။
ပြီးနောက်တွင်တော့ အသင့်ဆောင်ထားလေ့ရှိသော
ဆေးလိပ်ဗူးထဲမှ ဆေးလိပ်တစ်လိပ်ကို
နှုတ်ခမ်းနှစ်လွှာကြား ညှပ်ထားလိုက်သည်။မီးခြစ်ကိုထုတ်ကာမီးညှိရန် ပြုလုပ်ခါနီးဆဲဆဲတွင်
အဝင်ကောလ်တစ်ခုကြောင့် ဖုန်းအား
မသိမသာကဲကြည့်လိုက်သည်။
ဆေးကျောင်းသားမဟုတ်ပါဘဲ စကိုင်းဖုန်း
ဖြစ်နေသည်မို့ နှုတ်ခမ်းတွေကြားကဆေးလိပ်ကို
ဖယ်ခွာလိုက်ကာဖုန်းအဝင်ကောလ်ကို လက်ခံခဲ့သည်။" စကိုင်း..."
" ငါပြောစရာရှိလို့ ဂျီမင်..."
" ပြောလေ..."
" ဟယ်ဝန်းHotelနားက ဘားတစ်ခုကိုအခု
လာခဲ့လို့ရမလား..."လီဟယ်ဝန်းဆိုတာနဲ့ကို ဘာကြောင့်မှန်းမသိ၊
စိတ်တွေဟာလျစ်လျူရှု၍မရခဲ့၊တစ်ခုခုကို
စိုးရိမ်နေသလို၊ပူပန်သလိုမျိုးဖြင့် အကြောင်းစုံကိုလဲ
မမေးမြန်းတော့ပါဘဲ၊ စကိုင်းပြောသည့်နေရာကို
အရှိန်ကုန်မောင်းရင်းရောက်လာခဲ့သည်။" ဘာလဲ...စကိုင်းဘာပြောမလို့လဲ..."
" ဟယ်ဝန်းနဲ့ဂျောင်ဂုကို ငါတွေ့လိုက်လို့..."
" ဘယ်...မှာလဲ..."
မမေးချင်ခဲ့သလို၊သိလဲမသိချင်ရဲဘူး၊
တစ်ခုခုကိုကြောက်ရွံကာစကိုင်းကလဲ ဘာတွေ
စကားပလ္လင်ခံနေမှန်းကိုမသိ၊" ဟို...အခန်းမှာရှိနေကြတယ်..."
စကိုင်းညွှန်ပြရာ အခန်းဆီကိုကြည့်နေမိရင်းမှ
ပြန်လှည့်လိုက်ရင်ကောင်းမလားဆိုသည့်အတွေးဟာ
အခန်းထဲကဂျွန်နဲ့လီဟယ်ဝန်းရဲ့မြင်ကွင်းက
တစ်ခုခုများ၊ဒါမှမဟုတ် အကိုတွေးထားတာထပ်
ပိုပြီးတော့များ ပိုကဲနေမလားဆိုသည့်အတွေးဟာ
အခန်းတံခါးကိုတွန်းဖွင့်လိုက်ဖို့အရေး
ကြောက်ရွံလာမိသည်။