ညကစကားတချို့ကိုများခဲ့ကြတာ
အကြီးအကျယ်မဟုတ်သော်လည်း အကိုက
သိပ်စိတ်ဆိုးသွားပုံပေါ်သည်။
အဘွားကိုလဲမျက်နှာပူအားနာတာတွေလဲ
ပါသည်မို့ မိုးလင်းသည်နဲ့ချက်ချင်းပင်
အလုပ်ကိစ္စအရေးကြီးလို့ဆိုသည့်
အကြောင်းပြချက်နဲ့ ဆိုးလ်ကိုပြန်သွားခဲ့သည်။" တစ်ယောက်ထဲ ပြန်သွားတာလား...ယန်း "
" ဟုတ်တယ်...ကိုယ်တို့လဲဒီညနေလောက်တော့
ပြန်ကြမယ်လေ..."" ကျွန်တော့်ကို မုန်းသွားပြီလားမသိဘူး..."
" အိမ်ရောက်မှပဲ သေချာလေးဆက်ပြောကြပေါ့
ညကသွေးပူနေတော့ဘာပြောပြော
နားဝင်မှာမဟုတ်ဘူး..."" မသိတော့ဘူး ယန်း..."
" ထယ်ယောင်းကိုသွားနှုတ်ဆက်ဦးမယ်...
လိုက်ချင်လား..."ယန်းအားခေါင်းခါပြလိုက်ရင်း ခြံထဲက
ကွတ်ပျစ်တွင်ငိုမဲ့မဲ့ရုပ်လေးနဲ့ထိုင်နေမိသည်။" ဆရာဝန်လေး..."
အနားသို့ခပ်ဖြေးဖြေးလေးလျှောက်လာသည့်
အဘွားကြောင့် ငိုတော့မလိုမျက်နှာလေးအား
မနည်းပင်ထိန်းထားလိုက်ရသည်။
အဘွားကိုလဲဂျွန်သိပ်အားနာရပါသည်။" တောင်းပန်ပါတယ်...အဘွားကို..."
" မဟုတ်တာ...ဒီလိုပဲပေါ့...အတူတူနေလာတဲ့
သူတွေအချင်းချင်းအမြဲတော့လဲ
ဘယ်သင့်မြတ်နေပါ့မလဲ တစ်ခါတစ်လေ
တော့လည်း ကတောက်ကဆဖြစ်ကြမှာပေါ့
တောင်းပန်စရာမလိုပါဘူး..."အဘွားပြောသမျှကို ခေါင်းတွေငိုက်စိုက်ရင်း
နားထောင်နေမိသည်။
တစ်ဆက်ထဲမှာပဲ မျက်ရည်တွေလဲ
ရစ်ဝဲလာတော့သည်။" အထင်လွဲနေတာဆိုလည်း သေချာလေး
နားဝင်အောင်ပြောပြရှင်းပြလိုက်ပါ...
နောက်ကြမှ နှုတ်ဆိတ်နေခဲ့လို့ဆိုပြီး
နောင်တရစရာတွေ မဖြစ်လာစေချင်ဘူး...."" အကိုက...အထင်လွဲနေခဲ့တာပါ..."
" အင်း....ထင်ပါတယ်..."
ရစ်ဝဲလာသည့်မျက်ရည်တွေကို
မကျလာစေရန်ထိန်းထားရင်းမှ
မျက်ရည်ပေါက်လေးတွေဟာစီးဆင်းသွားခဲ့သည်။