ဂျွန်ငယ် (၁၂)

2.4K 280 26
                                    

မနက်ခင်းစောစောရဲ့အချိန်တွေကို
ကျော်လွန်ကာ အချိန်က နေ့လည်စာစားချိန်ပင်
ရောက်နေချေပြီ။

ညကဘယ်လောက်တောင်များ
သတိထားအိပ်စက်ခဲ့လဲမသိ၊အခုတော့
နှစ်ဦးလုံး ခန္ဓာကိုယ်တွေ
တောင့်တင်းနေကြတော့သည်။
ကျဥ်းကြပ်လွန်းသည့် ထိုအိပ်ရာလေးထဲ
ဂျွန်ရောအကိုပါ ကုတင်ရဲ့အစွန်ဘက်တွေမှာ
ရှိနေကြတုန်း၊
သို့သော်ပြောင်းလဲသွားသည့်
အနေအထားတစ်ခုမှာကျောပေးလျက်ကနေ မျက်နှာချင်းဆိုင်ရင်းသာ နှစ်ဦးစလုံးသည်
ကွေးကွေးလေး။

အိပ်ရာရဲ့နံဘေးက ကြိုးဖုန်းမြည်သံသည်
မရပ်မနားမို့နှစ်ခြိုက်စွာအိပ်စက်သူနှစ်ဦးတို့
လှုပ်လှုပ်ရွရွလေးတွေ ဖြစ်ကုန်ကြသည်။

ထိုစဥ်မျက်လုံးလေးတွေကို ပွတ်သပ်ရင်း
ပထမဦးစွာနိုးလာခဲ့သူက အကို၊
မျက်လုံးလေးတွေပွင့်ပွင့်ချင်း အမြင်အာရုံတွေထဲ
ငြိမ်သက်နေသည့်သက်ရှိလေးသည်
အသက်ရှုသံမှန်မှန်နဲ့ မျက်လုံးလေးတွေကို
မှိတ်ထားတုန်း။

နီးနီးကပ်ကပ်အနေအထားမှာ ဖုန်းမြည်သံကို
ခဏမေ့ထားပြီး ရှင်းလင်း
တည်ငြိမ်လွန်းနေသည့်
မျက်နှာပြင်ဟာ မှော်ဆန်ဆန်နဲ့ဆွဲဆောင်နေသည်။
မပြည့်စုံသည့် ဘဝပေးအခြေအနေတစ်ခုက
လွဲရင် ရုပ်ပိုင်းဆိုင်ရာရော၊စိတ်ပိုင်းဆိုင်ရာရော
ပြည့်စုံနေသည့်ကလေးမလား၊
ဘယ်လိုမှားယွင်းသည့် ကံကြမ္မာတွေကြောင့်များ
ဒီလိုတွေ ချို့တဲ့နွမ်းပါးသည့် ဘဝတွေနဲ့
ကြီးပြင်းလာရသလဲလို့ တစ်ယောက်ထဲ
တွေးနေမိတာသည် ဆေးကျောင်းသားရဲ့
မျက်နှာလေးကိုနီးကပ်စွာငေးစိုက်ရင်း။

အတွေးတွေထဲ ဆေးရုံခေါင်မိုးထပ်ရဲ့
လက်တန်းတွေဆီက ဂျွန့်ပုံရိပ်တွေပြန်လည်
မြင်ယောင်လာတော့ အမာရွတ်သေးသေးလေး
စွဲထင်နေသည့် ပါးပြင်တစ်ဖက်ကိုပင်
ခပ်ဖွဖွတို့ထိမိလိုက်သည်။

ထိုအထိအတွေ့နဲ့ဖုန်းမြည်သံကြောင့်
ဂျွန်ပါ လှုပ်စိလှုပ်စိလေးဖြစ်လာတော့
ပါးပြင်လေးဆီက လက်လေးကိုပင်ဂျီမင်
ပြန်ရုတ်ယူလိုက်ရသည်။
ပြီးနောက်တွင်တော့ ဆူညံလွန်းလှသည့်
ထိုဖုန်းကိုကောက်ယူကိုင်လိုက်သည်။

ဂျွန်ငယ် Where stories live. Discover now