" ကိုယ်တို့တွေ့ရအောင်..."
ဖုန်းထဲသို့ဝင်ရောက်လာသည့် မက်ဆေ့ချ်လေး
တစ်စောင်ကြောင့် meetingခန်းထဲမှ
မသိမသာလေးတစ်ချက်ပြုံးလိုက်မိသည်။" ဒီလောက်ပါပဲ...ရုံးဆင်းလို့ရပြီ..."
meeting အားလက်စသတ်ပြီးနောက်တွင်
ကားပါကင်မှကားထုတ်ကာ တွေ့နေကြ
နေရာလေးဆီ အမြန်ဆုံးရောက်လာခဲ့သည်။
နာမည်ကြီးအဆင့်မြင့်ဟော်တယ်တစ်ခုမှာ
dinnerအတူတူစားရန်ပြင်ဆင်ထားသည်ထင်ပါရဲ့။
ကားပေါ်ကဆင်းကာ ကိုယ့်ကိုယ်ကို
တစ်ကိုယ်လုံးခြေအစခေါင်းအဆုံးပြန်ကြည့်မိတော့
အလုပ်မှတန်းကာ ရောက်လာရသည်မို့ဘာမှတော့
သိပ်ပြင်ဆင်ခြယ်သမှုတွေမရှိ၊
သို့သော်တစ်ကိုယ်လုံးရဲ့ပြင်ဆက်မှု
Brand တွေက
မြင်သူတိုင်းအားကျစေမိခဲ့သည်။
ခြေလှမ်းတွေကို ကြော့ကြော့မော့မော့လေး
လျှောက်လှမ်းလာရင်း နောက်ဆုံးတွင်
တွေ့ဆုံရမည့်သူထံသို့ရောက်လာခဲ့သည်။ထူးထူးဆန်းဆန်းပါပဲ၊ ချစ်သူသက်တမ်း
ခြောက်နှစ်တစ်လျှောက် အမြဲတမ်းလိုလို
ဂျီမင် ကပဲစောင့်နေခဲ့သမျှ ဒီနေ့တွင်တော့
ဦးစွာရောက်နှင့်နေခဲ့သူက ဂျီမင် ချစ်သူကောင်လေး
ရိန်း ပင်ဖြစ်သည်။" ရောက်နေတာ ကြာပြီလား ရိန်း..."
" မကြာသေးပါဘူး..."
" မနက်ဖြန်ကရုံးပိတ်ရက်မို့ မနက်မှတွေ့ကြမယ်
တွေးနေတာ ရိန်းကကျွန်တော့်ကို သိပ်လွမ်းနေပြီ
ထင်တယ်ဟုတ်လား..."" ကိုယ်ပြောစရာရှိတယ် မင်..."
" အင်း ပြောလေ..."
" ကိုယ်...အမေရိကကို ပြန်ဖို့ဆုံးဖြတ်လိုက်ပြီ..."
" ဘာကိုပြောချင်တာလဲ ရိန်း..."
အနည်းငယ်ပျက်ယွင်းသွားသော ဂျီမင်မျက်နှာက
သိသာလွန်းနေခဲ့သည်။" ကိုယ်တို့ ပတ်သတ်မှုတွေကို ခနလောက်
ဖြစ်ဖြစ် ရပ်စဲလိုက်ရအောင်လား..."" ရိန်းပြောနေတာတွေကို ကျွန်တော် ဘာမှ
နားမလည်တော့ဘူး..."" ကိုယ်တို့ အတူဖြတ်သန်းလာခဲ့တဲ့
Relationshipတစ်ခုက ခြောက်နှစ်
ကျော်ခဲ့ပြီ မင်... ဒါပေမယ့်
ဘာကြောင့်မှန်းမသိဘူး လက်ထပ်ဖို့ကျ အခုထိ
ကိုယ်တို့အဆင်သင့်မဖြစ်သေးသလိုပဲ ဒီတော့
ကိုယ်တို့ကြားမှာလိုအပ်ချက်တွေရှိနေသေးတယ်
ထင်တယ်.."