ဂျွန်ငယ် (၁၅)

2.5K 266 15
                                    

ပုံမှန်အားဖြင့်အလုပ်ချိန်တွေက ညအချိန်ကိုးနာရီ၊
ဆယ်နာရီဝန်းကျင်ထိဖြစ်သည်။
ကုမ္မဏီတွင်စီမံခန့်ခွဲရုံတင်မဟုတ်ပါဘဲ၊
တခြားသောလုပ်ငန်းတွေဖြစ်သည့် ကာစီနို၊
ဘား၊ကလပ်တွေစသည့်ဖြင့်
ရှိသေးသည်မို့ အချိန်တွေကမလောက်မငှ၊
ဟိုပြေးကြည့်လိုက်၊ဒီပြေးကြည့်လိုက်နဲ့
လုပ်ငန်းရှင်ကြီးပတ်ခ်ဂျီမင်က
အိပ်ချိန်တစ်ချိန်တောင် မနည်းအလုအယက်။

ဒီနေ့လည်းထိုကဲ့သို့ပင် ကလပ်တစ်ခုရဲ့
အခြေအနေကို check လုပ်နေရသည်မို့
အချိန်တွေကအတော်လေး
နောက်ကျနေပြီဖြစ်သည်။

ခပ်မှန်မှန်လေးအရှိန်ဖြင့်ကားကိုမောင်းလာရင်းမှ
လက်ကနာရီကိုလဲ မြှောက်ပင့်ကြည့်မိလိုက်သည်။

အချိန်သည် ညဆယ်နာရီထိုးနေချေပြီ။
မျက်စိရှေ့ကမီးပွိုင့်ကမီးနီသွားခြင်းကြောင့်လဲ
ကားကိုအရှိန်လျှော့ကာရပ်တန့်ထားလိုက်မိသည်။
တစ်နေ့လုံးလုံးမနားရသေးသည်မို့
မျက်လူံးတွေကသိသာစွာငိုက်မျဥ်းလာသည်။
ဒါကြောင့်ပဲခေါင်းကိုတဆက်ဆက်ခါလိုက်ရင်း
မျက်လုံးတွေကျယ်သွားစေရန်အပြင်ဘက်ဆီကို
လျှောက်ကြည့်ရင်းအာရုံတွေလွှဲနေမိသည်။

ထိုစဥ်လမ်းတစ်ဖက်တစ်ခြမ်းက ဆိုင်တစ်ခုဆီ
အကြည့်တွေရောက်သွားတော့ ၊
ဂျီမင်ထိုအရာကိုစိတ်ဝင်စားသွားခဲ့သည်။
ဒါကြောင့်ပဲ ပြောင်းလဲသွားမည့်မီးပွိုင့်ကို
စောင့်စားနေခဲ့ပြီးနောက်တွင်တော့ လမ်းတစ်ဖက်
တစ်ခြမ်းဆီကို ဦးတည်မောင်းနှင်ကာ
ထိုဆိုင်ရှေ့တွင် ကားအားရပ်တန့်ခဲ့သည်။

" မဂ်လာပါခင်ဗျ...."

ဆိုင်ထဲဝင်လိုက်သည်နဲ့ နှုတ်ဆက်လာသည့်
ဧည့်ကြိုဝန်ထမ်းလေးအား ဂျီမင်ကပြုံးပြသည်။
ဆိုင်ထဲတွင် ပြည့်နှက်နေသည့်နာရီတွေကိုလဲ
စိတ်ဝင်စားရင်းဟိုဟိုဒီဒီ လိုက်ကြည့်နေသည်။

" မဂ်လာပါရှင့်...လူကြီးမင်းကြိုက်နှစ်သက်ရာကိုစိတ်တိုင်းကျရွေးချယ် ဝယ်ယူလို့ရပါတယ်....
လိုချင်တဲ့ပုံစံလေးရှိရင်လဲမေးမြန်းလို့
ရပါတယ်နော် "

ကောင်တာမှဝန်ထမ်းလေးရဲ့အပြောကို
ခေါင်းတချက်ငြိမ့်ပြရင်း မှန်ဘောင်လေးထဲက
နာရီတွေကိုကြည့်ရှုနေခဲ့သည်။

ဂျွန်ငယ် Where stories live. Discover now