Extra 🌸

1.9K 172 18
                                    

ညနေပိုင်းအလုပ်ပြန်ချိန်လေးက ကားတော့
အနည်းငယ်ပိတ်သည်မို့ နာရီကိုတကြည့်ကြည့်နဲ့
ဂျီမင်တို့စိတ်ကလေးတွေ သိပ်တော့မရှည်။
ဒီရက်ပိုင်းမှာ ဆရာဝန်ကြီးက ဂျူတီချိန်
တချို့ကြောင့်ပင်ပန်းနေတာမို့ အလိုက်သိလွန်းသည့်
အကိုကအလုပ်မှ ခပ်စောစောလေး ပြန်ကာ
သူ၏ဆရာဝန်ကြီးအား သွားကြိုလေ့ရှိသည်။

အချိန်ကိုတိကျလွန်းသူမို့လည်း နာရီကို
ကြည့်ရင်းပင် စောင့်နေကြ ကြိုနေကြအချိန်အမှီ
အရောက်သွားသည်။
ဆရာဝန်ကြီးကအပြင်ထွက်စောင့်ဆိုင်းနေရမှာမျိုး
သူမလိုချင်ပါ။

ဒါကြောင့်လည်း ငါးမိနစ်ခန့်မျှ စောပြီးရောက်နေသည်၊
မကြာပါဘူး အချိန်အတိအကျကို
ဆေးရုံဝန်းကြီးမှထွက်လာသူက လူထပ်ရှေ့သွားကြီး
နှစ်ချောင်းကပို၍ ထင်းလင်းနေသည်။

ဘယ်ချိန်ပဲကြည့်ကြည့် အကို့အတွက်တော့
ဂျွန်သည် လွန်ခဲ့သောနှစ်တွေက
ခပ်ငယ်ငယ်ဆေးကျောင်းသားလေး အဖြစ်က
မပြောင်းလဲခဲ့။

အထူးအဆန်းလေးတွေ တွေ့တိုင်းမြင်တိုင်း
ဟန်မဆောင်နိုင်သည့် ဝိုင်းစက်စက်မျက်လုံးတွေဟာ
အကိုနဲ့တွေ့တိုင်းလည်း ထိုပုံထိုနည်းပါပဲ၊
ယခုလည်း ကားထဲမှဂျီမင်ကိုလှမ်းမြင်လိုက်ရ၍
ပြုံးရွှင်နေသည့်မျက်နှာထားဟာ ဖိုးပြုံးချိုဟုပင်
အမည်ပြောင်းပေးရမလိုဖြစ်နေပါသည်။

အပြေးလေးလာနေသူအား
ကားထဲမှ ထွက်ကြိုသည်။
ရုတ်တရက်ပါပဲ ပြုံးရယ်နေခြင်းလေးတွေ
ရပ်တန့်သွားအောင် အကို့ရဲ့ဆရာဝန်ကြီးအား
ခပ်ငယ်ငယ် ကောင်မလေးတစ်ဦးက
ပြေးဖက်လိုက်ခြင်းတဲ့။

အရင်လိုစိတ်ကလေးနဲ့သာဆို ပတ်ခ်ဂျီမင်တို့
လွန့်လွန့်လူးနေလောက်ပေမယ့် အခုမှာတော့
ကားအားမှီလျက် လက်လေးပိုက်၍သာ
ကြည့်နေလိုက်သည်။

ထိုကောင်မလေးနဲ့အတူ အဘွားအိုတစ်ဦးကို
ဂျွန်ကစကားတွေပြောသည်၊ထို့နောက်တွင်
ဂျွန်တို့အပြေးလေးသာ အကို့ထံ
ရောက်လာရတော့သည်။

" အကို..."

" အင်း...."

လေသံနွေးနွေးလေးနဲ့ စတင်သည်။
ကားထဲနေရာယူလိုက်သည်နဲ့ အကို့အား
ခါးပတ်ပတ်ပေးရင်း ထုံးစံအတိုင်း ပါးလေးအား
ဂျွန်က ခပ်ဖွဖွထိကပ်နမ်းသည်။

ဂျွန်ငယ် Where stories live. Discover now