" နေ့လည်က မင်းကိုအစ်မဟယ်ဝန်းလာရှာသေးတယ် "
ကျောင်းဆင်းချိန်တွင် ကျောင်းဝန်းကြီးထဲက
ချယ်ရီပင်တွေအောက်တွင်ဟိုဘီနဲ့ဂျွန်အတူ
ထိုင်ဖြစ်ခဲ့သည်။" ဘာလို့ထွက်မတွေ့တာလဲ ဂျောင်ဂု..."
ပုံမှန်စကားနည်းသည့်ကောင်လေးက
ဒီနေ့မှပိုဆိုးနေသလို၊နံဘေးက အသိတွေ
နှုတ်ဆက်သွားသည်ကိုလည်းမကြားနိုင်
မှိုင်းပျပျဖြင့် မျက်လုံးလေးတွေထဲလည်း
အရည်လေးတွေလဲ့လျက်။" မင်း တစ်ခုခုဖြစ်ထားတာလား..."
အရိပ်အကဲနားလည်လိုက်သော ဟိုဘီက
မေးမြန်းလည်းပြန်လည်တုန့်ပြန်ခြင်းမရှိပါဘဲ
စာအုပ်ထဲကိုအာရုံစိုက်နေပြန်သည်။" ဂျောင်ဂု..."
" စကားတွေမပြောချင်ဘူး...ဟိုဘီ..."
" ဘာလဲ ဂျီမင်ရှီနဲ့ထပ်ပြီးစကားများထားပြန်ပြီလား "
ပြန်လည်မဖြေပါဘဲ၊ပေကပ်ကပ် လုပ်နေသူကိုလည်းတစ်ခါတစ်ရံစိတ်ရှိတိုင်းသာ
ခေါင်းခေါက်ပစ်ချင်သည်။" မျိုသိပ်ထားတာထပ် ဖွင့်ချလိုက်တာက
ပိုပြီးစိတ်သက်သာရာရစေတယ်...ဘာတွေဖြစ်နေလဲ
ငါ့ကိုပြောပြမလား..."လက်တွင်ကိုင်ထားသည့် ဘောပင်လေးကို
လွှတ်ချလိုက်ပြီးဟိုဘီစကားတွေကနားထဲဝင်လာသည်။
တကယ်လည်းလက်ရှိမှာကြံရာမရပါဘဲ
ခေါင်းထဲအတွေးတွေများနေသည်၊
အဆိုးဆုံးကတော့နိုင်ငံခြားမှာကျောင်းဆက်တတ်ဖို့
ကိစ္စတွေပါပဲ၊
တွေးရင်းနဲ့တောင် အသက်ရှုတွေကြပ်လာပါသည်။" ငါ နောက်နှစ်ကစပြီးနိုင်ငံခြားမှာ
ကျောင်းသွားတတ်ဖြစ်တော့မယ်ထင်တယ်..."" ဟ ဒါသိပ်ကောင်းတာပေါ့ဂျောင်ဂုရ....
ငါတို့လိုသာမာန်လူတန်းစားတွေအတွက်
ဒါကအိပ်မက်တစ်ခုလိုပဲလေ.... "ဝမ်းသာအားရပြောလာသည့်ဟိုဘီကိုကြည့်ကာ
ဂျွန်ငြိမ်သက်သွားသည်။တစ်ဖက်ကကြည့်ရင်
ဟိုဘီပြောတာတွေမှန်နေသော်လည်း
တစ်ဖက်ကကြည့်ပြန်ရင် ကျွန်တော်အကို့ကိုမခွဲနိုင်ပါ၊
အကိုမရှိသည့် သူစိမ်းတွေအများကြီးနဲ့
ရေခြားမြေခြားကိုသွားရောက်နေထိုင်ဖို့က
ဂျွန့်အတွက်ခက်ခဲနေသယောင်။