မိုးသည်းတဲ့ညတွေမှာအများဆုံးရေးဖြစ်ခဲ့တဲ့
ဒိုင်ယာရီစာအုပ်လေးရဲ့ အစပျိုးခြင်းအကြောင်းအရာ
ခေါင်းစီးပိုင်းမှာမုန်းသည်'ဆိုသည့်စာလုံးလေးတွေသည်
မညီမညာ စိတ်ရှိတိုင်းရေးခြစ်မိခဲ့သည့်ဟာတွေ။စာမျက်နှာတွေကုန်ဆုံးလာလေလေ
လွမ်းခြင်းနဲ့တွယ်တာရခြင်းတွေပဲပါဝင်သည့်
လက်ရေးစာလုံး လှလှတွေကိုခံစားမိနိုင်သည်။လက်ဖဝါးပြင်ကြီးရဲ့အနွေးဓာတ်တွေသာရှိရင်
ဒီမိုးဥတုကပြည့်စုံလုံလောက်သွားနိုင်မည်။
မွေ့ယာအိအိထက်ဝယ် နွေးထွေးစွာခိုဝင်နိုင်မယ့်
ရင်ခွင်ကျယ်ကြီးသာရှိနေရင် အအေးဒဏ်ကို
အံတုလိုက်နိုင်မည်။
လက်လေးတွေကိုဆုပ်ကိုင်ရင်း လေသံနွေးနွေးကိုလည်း
ကြားရနိုင်မည်ဆိုလျှင် ပူပူပြင်းပြင်းနွေရာသီဟာလည်းအေးချမ်းသွားမည်ထင်သည်။အဓိကလိုအပ်နေခြင်းဟာ သူပါ...။
သူနဲ့သာဆိုရင် သူသာရှိနေခဲ့မယ်ဆိုရင်တော့ဖြင့်.....။------------------------------------
" ယန်း ကျွန်တော်ပြန်ရောက်ပြီ...."
ဂျွန့်အသံကြားသည်နဲ့ ယန်းကပြာပြာသလဲပဲ
အခန်းထဲကထွက်လာခဲ့သည်။" ဂျီမင်ကော..."
" မသိဘူးလေ.... "
" စကိုင်းနဲ့ရန်ဖြစ်ကြတယ်ဆိုလို့ အသည်းအသန်
ထွက်သွားတယ်လေ.....အတူပြန်မလာကြဘဲ...."" ဘလူးစကိုင်းနဲ့အတူရှိနေမှာပေါ့ ကျွန်တော့်ကို
အစ်မဟယ်ဝန်းပြန်လိုက်ပို့တာ...."" ဘယ်လိုတွေဖြစ်ရတာလဲဂျောင်ဂုရယ်..."
" အင်း...အဲ့လိုပဲဖြစ်သွားတယ် ကျွန်တော်
ရေချိုးလိုက်ဦးမယ်....ယန်းဘာတွေချက်ထားလဲ..."" ဂျောင်ဂုကြိုက်တဲ့ဟင်းတွေအကုန်
ချက်ထားတယ်...မြန်မြန်ရေချိုးပြီး ဆင်းခဲ့..."" ဟုတ်ကဲ့ယန်း..."
ဂျွန်သည်အခန်းထဲတွင် အဝတ်အစားတွေ
ကုန်စင်အောင်ချွတ်ပြီးရေချိုးခန်းထဲဝင်ခဲ့သည်။
မှန်ရှေ့တွင်ရပ်မိတော့ ငြိမ်သက်သွားရင်း
နှုတ်ခမ်းနားတွင်ကပ်ထားသည့်ပလာစတာ
သေးသေးလေးကိုကြည့်နေမိသည်။