ဂျွန်ငယ် (၁၀)

2.6K 272 14
                                    

တစ်ညလုံး ကုတင်ခြေရင်းမှာ
ငုတ်တုတ်အိပ်ငိုက်နေခဲ့တာသည်
မိုးစင်စင်လင်းသည်ထိပဲ။
ပေါင်တွေပေါ်က ခေါင်းလေးနိုးသွားမည်လဲ
စိုးတာကြောင့်တုပ်တုပ်မျှမလုပ်ခဲ့၊
နှစ်နှစ်ခြိုက်ခြိုက်လဲအိပ်မပျော်တာမို့
ငိုက်နေရင်းမှပင် ဂျီမင်တစ်ယောက်
နိုးလာတော့သည်။
နိုးနိုးချင်း အမြင်အာရုံထဲတွေ့မြင်နေရတာက
ပေါင်တွေပေါ်ကမျက်နှာလေး၊
အဖျားရောကျသွားပြီလား အတွေးနဲ့
နဖူးပြင်ကိုစမ်းကြည့်လိုက်တော့
ခပ်နွေးနွေးမျှသာ၊ ထပ်မံ၍ပါးပြင်ကို
စမ်းကြည့်လိုက်တော့လဲထိုကဲ့သို့ပင်မို့
တော်ပါသေးရဲ့'ဟုတွေးရင်းသက်ပြင်းလေး
ချမိသည်။

ပါးပြင်ဆီက လက်ဖဝါးလေးကို
ပြန်ရုတ်ယူလိုက်ချိန်တွင်မျက်ခွံလေးတွေဆီသို့
ထိုးကျနေသောဆံစတွေကြောင့်
စူးနေမည်ဆိုး၍နဖူးပြင်တွင်ရှုပ်ရှပ်ခပ်ကာ
မျက်ခွံတွေဆီ ထိုးကျနေသောဆံစတွေကို
ခပ်သာသာလေးဖယ်ရှားကာ
သပ်တင်ပေးလိုက်သည်။
ဆံစတွေကိုသပ်တင်ပေးလိုက်မှ
ရှင်းလင်းသွားသည့် နဖူးပြင်နဲ့
မျက်ခုံးတန်းတန်းလေးက အခုမှသာ
ထင်ရှားလာသည်။

မျက်ခွံလေးနဲ့မျက်တောင်ကော့ကော့လေးတွေ
သည်လဲအခုမှသာ ပြတ်သားစွာတွေ့မြင်ရတော့
သိပ်ကိုကြည့်ကောင်းသည့် မျက်နှာအသွင်အပြင်
တစ်ခုလို အစိတ်အပိုင်းတွေအားလုံး
စုပေါင်းကြည့်လျှင် ပြေပြစ်သည့် မျက်နှာ
အချိုးအစားတစ်ခုကိုတွေ့ရသည်။

" ကြည့်ကောင်းသားပဲ..."

ခပ်တိုးတိုးရေရွတ်လိုက်ရင်း ခပ်ချွန်ချွန်နှာတံလေးမှ
နှာခေါင်းထိပ်ဖျားလုံးလုံးလေးကို
လက်ညိုးသေးသေးလေးနဲ့တို့ထိကြည့်လိုက်မိသည်။
ချစ်စရာကောင်းသည့် နှာခေါင်းလုံးလုံးလေးကြောင့်
ကိုယ်တိုင်မသိလိုက်ခင်မှာပဲ တစ်ယောက်ထဲ
ပြုံးလိုက်မိသည်။

ထိုစဥ် နှာခေါင်းထိပ်က လက်ညိုးလေးကို
ဖမ်းကိုင်လိုက်သောလက်တစ်ဖက်ကြောင့်
လန့်ဖျန့်ကာ ခန္ဓာကိုယ်လေးပင်တုန်တတ်သွားသည်။
နှာခေါင်းလုံးလုံးလေးကိုစိတ်ဝင်စားနေတုန်း
ရုတ်တရက်မို့သူခိုးလူမိ'သလို မျက်တောင်တွေက ပုတ်ခတ်ပုတ်ခတ်၊

ဂျွန်ငယ် Where stories live. Discover now