မနက်ခင်းရဲ့ နေရောင်ခြည်နွေးနွေးသည်
ပြတင်းပေါက်မှန်နံရံတွေကိုကျော်ဖြတ်ကာ
အိပ်ရာပေါ်မှ ကောင်ငယ်လေးရဲ့မျက်နှာပြင်သို့
ဖြာကျနေသည်။
စူးနေသည့်နေအလင်းရောင်ကြောင့် မျက်မှောင်လေး
ကြုတ်ရင်း မပွင့်တပွင့်မျက်လုံးလေးတွေသည်
ဘေးဘယ်ညာအိပ်ချင်မူးတူးဖြင့်
လိုက်ကြည့်သည်။
အကြည့်တွေရောက်သွားတာက ကုတင်ဘေးက
စားပွဲတင်နာရီဆီသို့ဖြစ်သည်။နာရီကိုမြင်မှ ကျောင်းသွားရမည်ကိုသတိရ၍
ခေါင်းရင်းမှဖုန်းကိုအသည်းအသန်လိုက်စမ်းကာ
ထထိုင်လိုက်ရသည်။အချိန်သည် မနက်၈နာရီ။
" ဒီနေ့ရော အိမ်ပြန်နောက်ကျဦးမှာလား ဂျီမင်..."
" မသေချာဘူးယန်း နောက်ကျမယ်ဆို
ဖုန်းဆက်လိုက်မယ်လေ....ဒါနဲ့ညကအဘွားနဲ့
ဖုန်းပြောကြတယ်မလား "" ဟုတ်တယ် ပြောဖို့မေ့နေတာပဲ အဘွားက
ရွာကိုလာလည်ဖို့ပဲတစ်ဖွဖွပြောနေတယ်...
ဂျီမင်ကိုလဲ တွေ့ချင်နေတယ်တဲ့ "" ငါလဲအဘွားနဲ့တွေ့ချင်နေပေမယ့် သိတဲ့အတိုင်းပဲ
အလုပ်တွေကမအားဘူး ဒီနှစ်ကုန်လောက်တော့
သွားဖြစ်အောင်ကြိုးစားဦးမယ် ပြီးတော့
ရွာကိုပို့ဖို့မှာထားတဲ့ ပစ္စည်းတွေနဲ့မုန့်တွေရော
ရောက်ပြီလား ယန်း "" သဘက်ခါတော့ရောက်မယ် ပစ္စည်းတွေ
ရောက်ရင်တော့ ရွာကိုသွားမယ်တွေးထားတာ
ဂျီမင်ကမအားဘူးဆိုတော့.... "" ငါ့ကိုထည့်တွက်မနေနဲ့ ယန်း...
သွားစရာရှိတာသွား...အဘွားလဲမင်းကို
လွမ်းနေရောပေါ့ ပစ္စည်းတွေပို့ရင်း
တစ်ခါထဲဟိုမှာ ကြာကြာလေးနေချင်နေပေါ့...."" သြော် ဒါနဲ့ မနေ့က စကိုင်းရောက်လာသေးတယ်.."
" အင်း ဂျွန်ပြောပြလို့သိပြီးပြီ.."
ဂျွန်ဆိုမှ ယန်းနဲ့ဂျီမင် ဂျွန့်ကိုအခုမှ
တွေးမိတော့သည်။" ဒါနဲ့ ဒီကောင်လေး အခုထိမနိုးသေးတာလား.."
ယန်းပြောကာမှ ဂျီမင်ကလက်ကနာရီကို
တစ်ချက်ပင့်ကြည့်လိုက်သည်၊
ကျောင်းချိန်နီးနေပြီကို မနိုးသေးဘူးဆိုတော့၊